အလွတ်တန်း အလေးမပြိုင်ပွဲ အောင်ဆန်းကွင်းတွင် ကျင်းပ (သတင်းဓာတ်ပုံ)

၂၀၁၈ ခုနှစ် မြန်မာနိုင်ငံအလေးမအဖွဲ့ချုပ် ဥက္ကဋ္ဌဖလား အလွတ်တန်းအလေးမပြိုင်ပွဲနဲ့ လူငယ် အလေးမပြိုင်ပွဲ အခမ်းအနားကို ရန်ကုန်မြို့ အောင်ဆန်းအားကစားကွင်း မိုးလုံလေလုံ အားကစားရုံမှာ ကျင်းပပါတယ်။ ဒီပြိုင်ပွဲမှာ ရန်ကုန်တိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းနဲ့ ပဲခူးတိုင်းအသင်းတွေအပြင် တပ်မတော်တိုင်းစစ်ဌာနချုပ်တွေ အပါအဝင် အလေးမ အားကစားအသင်း ၁၆ သင်းက အားကစားသမား ၉၀ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ ပြိုင်ပွဲကို မတ်လ ၃၁ ရက်က စတင်ကျင်းပခဲ့ပြီ  ဧပြီ ၂ရက်နေ့မှာတော့ တံခွန်စိုက် ဒိုင်းပြိုင်ပွဲနဲ့ ဆုပေးပွဲ၊ ပိတ်ပွဲအခမ်းအနားကို ကျင်းပခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up