Home
မြန်မာသတင်း
ဗီယက်နမ်ခရီးသည် အမောဖောက်၍ ရုရှားလေယာဉ် မန္တလေးလေဆိပ်ကို အရေးပေါ်ဆင်း
DVB
·
April 2, 2018
  ရုရှားနိုင်ငံ Aussian လေကြောင်းလိုင်းက ခရီးသည်တင် လေယာဉ်တစီး မန္တလေးလေဆိပ်ကို အရေးပေါ် ဆင်းသက်ခဲ့ရတယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။ Aussian လေကြောင်းမှ လေယာဉ်အမျိုးအစား A-330၊ အမှတ် VQ-BCV၊ ခရီးစဉ်အမှတ် SU-029 လေယာဉ်ဟာ ဧပြီ ၁ ရက်နေ့ မနက် ၁၁ နာရီခွဲအချိန်မှာ ခရီးသည် ၂၈၄ ဦးကို တင်ဆောင်ပြီး ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းလေဆိပ်မှ ရုရှားနိုင်ငံ၊ မော်စကိုလေဆိပ်ကို ပျံသန်းစဉ် ခရီးသည် ဗီယက်နမ်နိုင်ငံသား Mr. Nguyen Ba Than (၆၉-နှစ်)  ရုတ်တရက် အမောဖောက်လာလို့ မန္တလေးလေဆိပ်ကို အရေးပေါ်ဆင်းသက်ခဲ့ရတယ်လို့ ဆိုပါတယ်။ မွန်းတည် ၁၂ နာရီကျော်မှာ Mr.Nguyen Ba Than အား မဟာအောင်မြေမြို့နယ် သိပ္ပံလမ်း (၆၇x၆၈ လမ်းကြား) ရှိ မြို့တော်ဆေးရုံကို ပို့ဆောင်ကုသထားပြီး ဇနီးနဲ့ သားဖြစ်သူ တို့က လူနာစောင့်အဖြစ် ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဆေးကုသမှု ခံယူနေတဲ့ ဗီယက်နမ်နိုင်ငံသား Mr. Nguyen Ba Than ဟာ ညနေ ၃ နာရီ ၅ မိနစ်မှာ သေဆုံးသွားခဲ့လို့ မဟာအောင်မြေမြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဉ် (၉/၂၀၁၈) နဲ့ ရေးဖွင့်စစ်ဆေးနေကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။ ဇနီးဖြစ်သူ Mrs. Tran Hoang Phuong နဲ့ သားဖြစ်သူ Mr.Nguyen တို့ဟာ ချမ်းအေးသာစံမြို့နယ်ရှိ ဟိုတယ်ရတနာပုံမှာ တည်းခိုနေကြောင်း သိရပါတယ်။ လေယာဉ်ကတော့ မွန်းလွဲ ၂ နာရီကျော်မှာ ခရီးသည် ၂၈၁ ဦးကို တင်ဆောင်ပြီး မော်စကိုလေဆိပ်ကို ဆက်လက်ထွက်ခွာသွားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024