၂ ရက်အတွင်း တနိုင်ငံလုံး မိုးရွာနိုင်ခြေ ရာခိုင်နှုန်း ၈၀ ရှိ
DVB
·
April 2, 2018
လာမယ့် ၂ ရက်အတွင်းမှာ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း အောက်ပိုင်းနဲ့ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မြောက်ပိုင်းတို့ကလွဲပြီး တနိုင်ငံလုံးမှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
ဒီနေ့ညနေအထိမှာလည်း တနိုင်ငံလုံးမှာ မိုးရွာနိုင်ခြေ ရာခိုင်နှုန်း ၈၀ ရှိတယ်လို့ ဆိုပါတယ်။ ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းမှာ တိမ်အတင့်အသင့်ရှိနေပြီး ကပ္ပလီပင်လယ်ပြင်နဲ့ ကျန်ဘင်္ဂလားပင်လယ်တို့မှာ တိမ်အသင့်အတင့်က တိမ်ထူထပ်နေပါတယ်။
မြန်မာ့ပင်လယ်ပြင်မှာတော့ လှိုင်းနည်းနည်း ရှိပြီး အမြင့် ၂ ပေကနေ ၄ ပေလောက်အထိ ရှိမယ်လို့ ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ - မိုးဇလ