Home
မြန်မာသတင်း
ကျောင်းပြင်ပ အလယ်တန်းပညာရေး ၂၀၂၀ ခုနှစ်ကစပြီး တိုးချဲ့ သင်ကြားမည်
ပြည့်ဘုန်းအောင်
·
March 31, 2018
  ကျောင်းပြင်ပ အလယ်တန်းပညာရေး ၂၀၂၀ ခုနှစ်ကစပြီး မြို့နယ်တွေ တိုးချဲ့သင်ကြားဖို့ စီစဉ်နေတယ်လို့ မြန်မာနိုင်ငံ စာတတ်မြောက်ရေးပင်မဌာန ဥက္ကဋ္ဌ ဒေါက်တာ သန်းဦးက ပြောပါတယ်။ လက်ရှိမှာ ကျောင်းပြင်ပ အလယ်တန်းပညာရေးကို ၃ နှစ်စီမံကိန်းနဲ့ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်ကစပြီး မြို့နယ် ၈ မြို့နယ် စခန်း ၁၄ခန်းမှာ စမ်းသပ်သင်ကြားနေပါတယ်။စခန်း ၁၄ခုမှာ ကျောင်းသားဦးရေ ၂၀၀ လောက် ရှိပြီး လက်မဲ့ ၂၀၂၀ မှာတော့ ကျန်တိုင်းနဲ့ပြည်နယ် အသီးသီးမှာ စတင် တိုးချဲ့ ဖွင့်လှစ်တော့မှာပါ။ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းလုံးဝမနေခဲ့ဖူးတဲ့ကလေးတွေ ၊ကျောင်းနေခဲ့သော်လည်း မူလတန်းပညာရေး ကျောင်းထံက်ခဲ့ရတဲ့ကလေးတွေကို ဒုတိယအကြိမ် ပညာသင်ယူမှု အခွင့်အလမ်း ထမ်မံဖြည်းပေးဖို့ရည်ရွယ်ပြီး မြန်မာနိုင်ငံမှာ ကျောင်းပြင်ပ မူလတန်းပညာရေးကို ၁၉၉၈ ခုနှစ်မှာ စတင်ခဲ့ပါတယ်။ မြန်မာနိုင်ငံစာတတ်မြောက်ရေး အထောက်အကူပြုပင်မဌာန ( MLRC) ကျောင်းပြင်ပ မူလတန်းပညာရေး လုပ်ငန်းအစီအစဉ် (NFPE) ၁၀ နှစ်ပြည့် အထိန်းအမှတ် အခမ်းအနား ကို မတ်လ ၃၁ ရက်နေ့က ရန်ကုန်မြို့ စိန်ရတုခန်းမမှာ ပြုလုပ်ခဲ့ပါတယ်။ သတင်း၊ဓာတ်ပုံ - ပြည့်ဘုန်းအောင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024