ကွင်းလယ်လူ ဆာဗစ်ကို ယူရိုသန်း ၉၀ ရမှ ရောင်းချမည်ဟု လာဇီယို ကြေညာ

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အဓိကပစ်မှတ် ကွင်းလယ်ကစားသမားဖြစ်တဲ့ လာဇီယိုကွင်းလယ်လူ ဆာဗစ်ကို ယူရိုသန်း ၉၀ ရမှ ရောင်းချသွားမယ်လို့ လာဇီယိုအသင်းက ကြေညာလိုက်ပါတယ်။ အဲဒီ ဆာဘီးယား ကွင်းလယ်ကစားသမားကို မန်ချက်စတာယူနိုက်တက် အသင်းအပြင် ဥရောပထိပ်သီး အသင်းတွေဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်၊ ပီအက်စ်ဂျီ အစရှိတဲ့ အသင်းတွေက ခေါ်ယူဖို့ စိတ်ဝင်စားနေတာပါ။ လာဇီယိုအသင်းအတွက် အဓိက ကွင်းလယ်ကစားသမားအဖြစ် ရှိနေခဲ့တဲ့ ဆာဗစ်ဟာ ၁၁ ဂိုး သွင်းယူထားပြီး လာဇီယိုအသင်းရဲ့ ဒါရိုက်တာကတော့ ဆာဗစ်ကို ခေါ်ယူဖို့ဆိုရင် ငွေကြေးအမြောက်အမြား သုံးစွဲဖို့ လိုအပ်လိမ့်မယ်လို့ ပြောကြားထားခဲ့ပါတယ်။ ဒါ့အပြင် အသင်းရဲ့ အဓိကနောက်ခံကစားသမားဖြစ်တဲ့ စတီဖင်ဒီဗရစ်ခ်ျဟာလည်း မကြာခင်မှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်သလို စီးရီးအေပြိုင်ဘက် အင်တာမီလန်အသင်းနဲ့ နယ်သာလန်ကလပ် ဖီယင်နုအသင်းတို့ကို ပြောင်းရွှေ့ဖွယ် ရှိနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up