Home
မြန်မာသတင်း
ဦးဝီရသူတရားပွဲပြန်လည်ကျင်းပ၊ ဒီမိုကရေစီအကြောင်းဟောပြော
Aung Aung Naing
·
March 29, 2018
  ဆရာ​တော်​ဦးဝီရသူရဲ့ တရားပွဲ ၁ နှစ်ကြာပိတ်ပင်ခံထားရပြီးနောက် မန္တ​လေးတိုင်း​အတွင်း ပထမဆုံးတရားပွဲကို ပြည်​ကြီးတံခွန်မြို့နယ်​​​မှာ မတ် ၂၈ ရက်ေ​န့က စတင်​​ဟောကြားခဲ့ပါတယ်​။ ၂၀၁၇ ခုနှစ်မှာ တရား​ဟောခွင့် တနှစ်​အပိတ်​ခံထားရတဲ့ ဆရာ​တော်​ဦးဝီရသူဟာ ၂၀၁၈ ခုနှစ်​မှာ ပြန်​လည်​​တရား​ဟောခွင့်ရရှိခဲ့တာ​ကြောင့် ရန်​ကုန်​မြို့မှာ အဖွင့်တရားပွဲကျင်းပခဲ့ပြီး ၈ ကြိမ်​​မြောက်​တရားပွဲကို မန္တ​လေးမြို့မှာ ပထမဦးဆုံး​ဟောတဲ့တရားပွဲလည်း ဖြစ်​ပါတယ်​။ ဦးဝီရသူက“ဒီက​နေ့ မြန်​မာ့နိုင်​ငံ​ရေး​လောကကိုကြည့်ရင်​ သ​ဘောထားမကြီးဘူး။ ဒီမိုက​ရေစီ သ​ဘောတရားကိုလည်း မလိုက်​နာဘူး။ ဒီမိုက​ရေစီ သ​ဘောတရားကိုလည်း နားလည်​​အောင်​မလုပ်​ဘူး။ ဒီပုဂ္ဂိုလ်​​တွေ​လောကကြီးမှာ ဦး​ဆောင်​​နေတဲ့ ကာလပတ်​လုံး ပြည်​သူ​တွေဆင်းရဲ​ကြောင်းသာရှိမယ်​။ ဘယ်​​သောအခါမှ ချမ်းသာမှာကို မဟုတ်​ဘူး။ တိုင်းပြည်​နစ်​မွန်း​ကြောင်းသာရှိမယ်​”လို့​ဟောကြားခဲ့ပါတယ်​။ ဒီမိုက​ရေစီရဲ့ သရုပ်​သဏ္ဍာန်​ဟာ လွတ်​လပ်​စွာ​ဝေဖန်​ခွင့်၊ ​ရေးသားခွင့်၊ ​ထောက်​ပြခွင့်​ရှိရမှာဖြစ်ပြီး ယင်းသို့​တောင်းဆိုရာမှာ ​အောက်​လမ်းနည်းနဲ့ ဖြိုးခွင်းရန်​မသင့်​ကြောင်း၊ နိုင်​ငံ​ခေါင်း​ဆောင်​၊ ပြည်​သူ့​ခေါင်း​ဆောင်​ ​ဒီ​နေရာကို​ရောက်​​နေပါလျှက်​နဲ့ ပြည်​သူလူထုနဲ့ ရန်​မဖြစ်​ပါနဲ့၊  ပြည်​သူလူထု​တောင်းဆိုတာ​တွေကိုစဉ်းစားပါ၊ သုံးသပ်​ပါ၊ ညှိနှိုင်းပါ၊ ​ဆွေး​နွေးပါ၊ အ​ဖြေရှာပါ။ ငါအာဏာရှိ​နေတာပဲ ငါလုပ်​လိုက်​ရဆိုတဲ့ပုံစံမျိုး ကြိမ်း​မောင်းတာဟာ ဒီမိုက​ရေစီ မဟုတ်​ဘူး။ သူမ​ဝေဖန်​နိုင်​​အောင်​ နည်းနည်း​လေးမှလှုပ်​လို့ မရ​အောင်​ ပိတ်​ပင်​တာ၊ တားဆီးတာဟာ ဒီမိုက​ရေစီေ​ခေါင်း​ဆောင်​ အမူအရာမဟုတ်​ဘူးလို့လည်းဟောကြား ပါတယ်။ မတ်​လ ၂၈ ရက်​​က မန္တ​လေးမြို့ ၅၄လမ်း ​အေးသုခလမ်းရှိ​ဘောလုံးကွင်းမှာ​ "မဂ္ဂင်​ရှစ်​ပါးနှင့် ​လောကဓံ တရား​တော်​" ​ခေါင်းစဉ်​နဲ့ ​ဟောကြားခဲ့တာပါ။ အဆိုပါတရားပွဲ ကျင်းပနိုင်​ဖို့ "မြင့်မြတ်​အလင်း​ရောင်​ ပရဟိတအသင်း"က မန္တ​လေး တိုင်း​ဒေသကြီးအစိုးရအဖွဲ့ထံ ခွင့်ပြုချက်​ ​တောင်းခံခဲ့ပြီးလုပ်ဆောင်ခဲ့တာပါ။ အစိုးရအကြည်​ညိုပျက်​​စေ​တဲ့တရားပွဲဖြစ်​ရင်​၊ ​ဟောကြားခဲ့ရင် တရားပွဲ ကျင်းပခွင့်တောင်းခံ​တဲ့ အဖွဲ့အစည်းက တာဝန်​ခံရဖို့ သဘောတူညီချက်နဲ့ ၀န်​ကြီးချုပ်​က  တရားပွဲကို ခွင့်ပြုခဲ့တာလည်း ဖြစ်​ပါတယ်​။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024