ကျုံးဘေးလျှောက်လမ်းတွင် လူငယ်များ အနုပညာလုပ်နိုင်ရန်နေရာ၂ ခု ပြုလုပ်ပေးမည်
DVB
·
March 29, 2018
မန္တလေးမြို့ ကျုံးဘေးလျှောက်လမ်းမှာ လူငယ်တွေအတွက် ဝါသနာပါရာ အနုပညာ လုပ်ငန်းတွေ ပြုလုပ်နိုင်ဖို့ ကျုံးတောင်ဘက်မှာ နေရာနှစ်နေရာ ပြုလုပ်ပေးမယ်လို့ မန္တလေးစည်ပင်သာယာရေးကော်မတီဝင်က ပြောပါတယ်။
လက်ရှိကျုံးလက်ရမ်း အကာရံအသစ်တွေ တပ်ဆင်ပြီးတဲ့အခါ ၆၆x၂၆လမ်းထောင့်မှာ ပန်းချီပြပွဲတွေနဲ့ ဝါသနာအဆင့် တေးဂီတသီချင်းတွေ သီဆိုဖို့အတွက် Public area အများပြည်သူအတွက်နေရာ ပြုလုပ်ပေးမှာပါ။
ဒါ့အပြင် စတန့်မင်းသားတွေ အကလေ့ကျင့်ဖို့နဲ့ electric ပစ္စည်းဆိုင်ရာ အနုပညာ ဆက်စပ်ပစ္စည်း အသုံးပြုနိုင်ဖို့ ၇၈x၂၆ ဝန်းကျင်က နေရာကျယ်မှာ ပလပ်ပေါက်တွေနဲ့ spot light မီးပြေးတွေပါ တပ်ဆင်ပေးမယ်လို့ ဆိုပါတယ်။
Photo-MCDC