မက္ကဆီကိုပင်လယ်ကွေ့ ရေအောက်က နှစ် ၇ဝဝဝ သက်တမ်းရှိ ဂူသင်္ချိုင်း (ရုပ်သံ)

အနှစ် ၇ဝဝဝ သက်တမ်းရှိတဲ့ ဌာနေ အမေရိကန် တိုင်းရင်းသား ဘိုးဘေးတွေရဲ့ ဂူသင်္ချိုင်းကို မက္ကဆီကိုပင်လယ်ကွေ့ ရေအောက်အတွင်း တွေ့ရှိရတယ်လို့ ဖလော်ရီဒါပြည်နယ် အစိုးရရုံးက ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ အခုလို ရေအောက်ဂူသင်္ချိုင်း တွေ့ရှိမှုဟာ ထူးခြားရှားပါးပြီး မန်နာဆိုတာကီး ကမ်းလွန် ရှေးဟောင်းသုတေသန နေရာမှာ တွေ့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်က ဆိုပါတယ်။ ဖလော်ရီဒါပြည်နယ် အစိုးရဝန်ကြီးက အခုတွေ့ရှိတဲ့ ရှေးဟောင်း ဂူသင်္ချိုင်းရဲ့ လုံခြုံရေးနဲ့ ပြုပြင်ထိန်းသိမ်းရေးကို ဖလော်ရီဒါပြည်နယ် အစိုးရက အလေးအနက်ထား တာဝန်ယူကြောင်းနဲ့  ဒီတွေ့ရှိမှုကနေ ဖလော်ရီဒါရှိ ရှေးဦးလူသားတွေအကြောင်းကို ပိုမိုနားလည်စေမယ်လို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။ ဂူသင်္ချိုင်းမှာ မြှုပ်နှံထားသူတွေနဲ့ အဲဒီကနေ ဆင်းသက်လာသူတွေကို ဂါရဝထားတဲ့အနေနဲ့ အနီးဝန်းကျင်မှာ ရေငုပ်ခြင်းနဲ့ ရေကူးခြင်းကို တားမြစ်ထားတယ်လို့ အဲဒီထုတ်ပြန်ချက်ကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up