Home
မြန်မာသတင်း
ဒေါက်​တာ​​အေး​မောင်​တို့ကိုစွဲထား​သည့်အမှုများ​ ပယ်ဖျက်ပေးရန်တရားရုံးတွင်​လျှောက်​တင်
DVB
·
March 28, 2018
  ရခိုင်​ပြည်​နယ်​ ရ​သေ့​တောင်​မှာ စာ​ပေ​ဟော​ပြောမှုနဲ့ ပတ်​သက်​လို့ တရားရင်​ဆိုင်​​နေရတဲ့ ​ဒေါက်​တာ​အေး​မောင်​နဲ့ စာ​ရေးဆရာ​ဝေဟင်​​အောင်​တို့ စွဲဆိုထားတဲ့အမှု သုံးမှုလုံးကို​ခြေဖျက်​​ပေးဖို့ ရှေ့နေတွေက ရခိုင်​ပြည်​နယ်​တရားလွှတ်​​တော်​ကို ဒီက​နေ့​လျှောက်​တင်​လိုက်​ပါတယ်​။ ဟောပြောမှုတခုတည်းကို ပုဒ်မ ၃ ခုတပ်ပြီး တရားစွဲဆိုထားတာဟာ တရားဥပဒေနဲ့ ဆန့်ကျင်နေတယ်လို့မတ်လ ၂၈ ရက်က စစ်တွေခရိုင်တရားရုံးနဲ့ မြို့နယ်တရားရုံးတို့မှာ (၇) ကြိမ်မြောက် ရုံးထုတ်စစ်ဆေးအပြီးမှာ အကျိုး​ဆောင်​​ရှေ့​နေ​တွေက ​ပြောပါတယ်​။ ​ဒေါက်တာအေးမောင်ရဲ့ အကျိုးဆောင် တရားလွှတ်တော်ရှေ့နေ ဦးအောင်ကျော်စိန်က "ပုဒ်​မ ၂၂ မှာ ပြုလုပ်​မှု (သို့မဟုတ်​) ပျက်​ကွက်​မှုတခုဟာ ပြစ်​မှုတခုထက်​ပိုပြီ၊ ပြစ်​​မှု​မြောက်​​ သော်​လည်းတခုတည်းနဲ့ တရားစွဲရမယ်​လို့ ​ပြောထားတယ်​။ အခုရ​သေ့​တောင်​​ ဟော​ပြောမှု တခုတည်းကို အမှု ၃ မှုနဲ့စွဲတယ်​။ ဒါက ဥပ​ဒေနဲ့ ဆန့်​ကျင်​​နေတယ်​​ပေါ့။ ဒါ​ကြောင့် ဒါကို ဥပ​ဒေနဲ့အညီအဆုံးအဖြတ်​​ပေးဖို့ ရခိုင်​ပြည်​နယ်​တရားလွှတ်​ကို​လျှောက်​တယ်​။ စွဲဆိုထားတဲ့ အမှု ၃ ခုလုံးကို​ခြေဖျက်​​ပေးဖို့၊ ဒီက​နေ့ပဲ​လျှောက်​တယ်​။ ၃ မှုလုံးကို ​ခြေဖျက်​​ပေးဖို့ ​လျှောက်​တာ" လို့​ပြောပါတယ်​။ ဒါ​ကြောင့် ဒီလိုစွဲဆိုထားတဲ့အမှု ၃ မှုကို တပြိုင်​တည်း​ခြေဖျက်​​ပေးဖို့ ရခိုင်​ပြည်​နယ်​ တရားလွှတ်​​တော်​ကို ဒီက​နေ့မှာ တင်​သွင်းလိုက်​တာဖြစ်​ပါတယ်​။ ဒီအပတ်​ရုံးချိန်းမှာ​တော့ ​ဒေါက်​တာ​အေး​မောင်​တို့​ကို တရားစွဲဆိုထားတဲ့ လက်​ရှိအမှု ၃ မှုကို စစ်​​တွေမြို့နယ်​တရားရုံးနဲ့ ခရိုင်​တရားရုံးတို့က တပြိုင်တည်း ​စစ်​​ဆေး​နေတာ​တွေကို ခရိုင်​တရားရုံးတခုတည်းမှာ အမှု ၃ မှုလုံး တ​ပေါင်းတည်း လွှဲပြောင်းစစ်​​ဆေး​ပေးဖို့ကိုလည်း တရားရုံး​တော်​ကို​ ရှေ့​နေ​တွေက တင်​ပြခဲ့ကြပါတယ်​။ ဒီကိစ္စ လာမယ်​ဧပြီ ၄ ရက်​​ ရုံးချိန်းကျမှဆုံးဖြတ်ချက် သိရမှာဖြစ်​တယ်​လို့ ​ဒေါက်​တာ​အေး​မောင်​ရဲ့ အကျိုး​ဆောင်​​ရှေ့​နေက မီဒီယာ​တွေကို​ပြောပါတယ်​။ ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်တို့ကို ရသေ့တောင်မြို့နယ်မှာ ပြုလုပ်တဲ့ စာပေဟောပြောပွဲနဲ့ပတ်သက်လို့ နိုင်ငံတော်သစ္စာဖောက်ဖျက် ပုန်ကန်မှုပုဒ်မ ၁၂၂၊ နိုင်ငံတော် အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) (ဂ)၊ မတရားအသင်းနဲ့ ဆက်သွယ်မှု ပုဒ်မ ၁၇/၁ တို့နဲ့ ဖမ်းဆီးပြီး အမှုဖွင့်ထားတာ ဖြစ်ပါတယ်။ သတင်း-ဓာတ်​ပုံ- ဝဏ္ဏခွာညို
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024