ကမ္ဘာ့ဖလားပြိုင်ပွဲက မက်ဆီကို ဖိအားများစေဟု အာဂျင်တီးနားနည်းပြ ပြော

ကမ္ဘာ့ဖလားပြိုင်ပွဲဟာ လီယွန်နယ်မက်ဆီအတွက် သူ့ရဲ့ခေါင်းကို သေနတ်နဲ့ချိန်ထားသလို ဖိအားများစေတယ်လို့ အာဂျင်တီးနားနည်းပြ ဆမ်ပါအိုလီက သုံးသပ်ပြောကြားလိုက်ပါတယ်။ မက်ဆီဟာ ဘာစီလိုနာအသင်းနဲ့အတူ ဆုဖလားပေါင်းမြောက်များစွာ ရရှိထားပေမယ့် အာဂျင်တီးနားအသင်းနဲ့အတူ အဓိကဆုဖလားတွေ ရယူနိုင်ခြင်း မရှိတာကြောင့် ပျော်ရွှင်နိုင်မှာ မဟုတ်ဘူးလို့ ဆမ်ပါအိုလီက ပြောပါတယ်။ မက်ဆီအနေနဲ့ ကမ္ဘာ့ဖလားကို ရယူနိုင်ခြင်း မရှိဘူးဆိုရင် သူ့ရဲ့ခေါင်းကို သေနတ်နဲ့ပစ်သွားသလို သေဆုံးသွားနိုင်တယ်လို့ သူ့ရဲ့ ဆောင်းပါးတပုဒ်မှာ ရေးသားခဲ့တာပါ။ မက်ဆီပါဝင်တဲ့ အာဂျင်တီးနားအသင်းဟာ ၂၀၁၄ ကမ္ဘာ့ဖလားတုန်းက ဂျာမနီကို ရှုံးနိမ့်ပြီး ဒုတိယဆုနဲ့ ကျေနပ်ခဲ့ရသလို ကိုပါအမေရိကဖလားမှာလည်း ချီလီကို ရှုံးနိမ့်ခဲ့လို့ ဒုတိယဆုနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up