လွတ်လပ်ရေးမော်ကွန်းဝင်များကို ဗိုလ်ချုပ်မှူးကြီးဂါရ၀ပြုတွေ့ဆုံ (ဓာတ်ပုံ)
DVB
·
March 27, 2018
(၇၃)နှစ်မြောက် တပ်မတော်နေ့အခမ်းအနားသို့ တက်ရောက်လာကြတဲ့ ဗမာလွတ်လပ်ရေးတပ်မတော် BIA မှ လွတ်လပ်ရေးမော်ကွန်းဝင်တွေကို ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီကနေ့ နေပြည်တော် ဘုရင့်နောင်ရိပ်သာမှာ ဂါရ၀ပြုတွေ့ဆုံခဲ့ပါတယ်။
တွေ့ဆုံရာမှာ လွတ်လပ်ရေးမော်ကွင်းဝင် ပထမအဆင့်ရရှိသူ ၇ ဦး ၊ ဒုတိယအဆင့်ရရှိသူ ၈ ဦး၊ တတိယအဆင့် ရရှိသူ ၅ ဦး စုစုပေါင်း ၂၀ ဦးကိုတွေ့ဆုံခဲ့တာလို့ တပ်မတော် သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
ဓာတ်ပုံ-CINCDS