Home
မြန်မာသတင်း
နွေစပါးစိုက်ပျိုးရန် လယ်ယာဖွံ့ဖြိုးရေးဘဏ်က ကျပ်သိန်း ၅၂၀၀ ကျော်ထုတ်ချေးမည်
DVB
·
March 27, 2018
  မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ်လယ်ယာဖွံ့ဖြိုးရေးဘဏ်က ၂၀၁၈ ခုနှစ် နွေစပါးစိုက်ပျိုးဖို့ ကျပ်ငွေ သိန်း ၅၂၀၀ ကျော် ထုတ်ချေးမယ်လို့ ဘဏ်မန်နေဂျာက ပြောပါတယ်။ ဝမ်းတွင်းမြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာဦးဝင်ထိန်ဦးက "နွေစပါးစိုက်မယ့် လယ်အားလုံးထဲက ၃၄၇၄ ဧကကို ထုတ်ချေးနေတာပါ။ မတ်လမှာထုတ်ချေးပြီး ဇူလိုင်လ ရောက်ရင် ပြန်ဆပ်ရမှာပါ။ တောင်သူ ၁ ဦးကို ၁ ဧက ၁ သိန်းခွဲနှုန်းနဲ့ ၁၀ ဧကစာ ၁၅ သိန်းအထိ ထုတ်ချေးပေးပါတယ်"လို့ ပြောပါတယ်။ တောင်သူကိုကျော်ဝင်းက "နွေစပါးက ၃ လချေးငွေ ကာလတိုပဲ ချေးရတယ်။ မိုးစပါးက ကာလရှည်တယ်။ အဲတော့ မိုးစပါးပဲ ချေးငွေယူကြတာများတယ်။ ငွေတအားလိုတဲ့ တောင်သူလောက်ပဲ ချေးငွေလာယူတာပါ။ ဒါကလည်း မိုးစပါးချေးငွေ ရှိရင် အကြေဆပ်ပြီးမှ နွေစပါးချေးငွေ ရတာပါ"လို့ ပြောပါတယ်။ ဝမ်းတွင်းမြို့နယ်အတွင်း နွေစပါးစိုက်ဧက ‎၂၈၀၀၀ ကျော် လျာထားပါတယ်။ နွေစပါးစိုက်စားရိတ်လိုအပ်တဲ့ ဆူးပန်းအုပ်စု သနပ်ခါးတောအုပ်စု သခွတ်မြင့်အုပ်စု ၃ ခုမှာရှိတဲ့ တောင်သူတွေ ချေးငွေလာယူကြတာပါ။ ၂၀၁၆ နဲ့ ၂၀၁၇ မှာ နွေစပါးစိုက်စားရိတ် ချေးငွေမပေးခဲ့ပါဘူး။ ၂၀၁၄ ခုနှစ်မှာ ဧက ၇၅၀၀ ကျော် ချေးပေးခဲ့ပြီး ၂၀၁၅ မှာ ၉၄၆ဧက ချေးပေးခဲ့တယ်လို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မှတ်တမ်းအရ သိရပါတယ်။ သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024