Home
မြန်မာသတင်း
ရှစ်လေးလုံးပါတီတည်ထောင်လိုသူများ ရွေးကောက်ပွဲကော်မရှင်နှင့်ဆွေးနွေး (ဓာတ်ပုံ)
အောင်ကိုကိုလတ် (နေပြည်တော်)
·
March 26, 2018
  ဦးကိုကိုကြီးခေါင်းဆောင်တဲ့ ရှစ်လေးလုံးပါတီ တည်ထောင်လိုသူတွေဟာ  မတ်လ ၂၆ ရက် နေ့လယ်ပိုင်းမှာ နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို  လာရောက်ပြီး ပါတီအမည် ကိစ္စနဲ့ ပတ်သက်လို့ ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပါတယ်။ အဲဒီတွေ့ဆုံမှုအကြောင်းကိုတော့ ပါတီ တည်ထောင်လိုသူ တာဝန်ခံအဖြစ် ဆောင်ရွက်မယ့်သူတွေထဲက ဦးကိုကိုကြီးက "အဓိကတော့ ကော်မရှင်အနေနဲ့ သက်ဆိုင်ရာ ဌာနတွေအလိုက် ပါတီ တည်ထောင်လိုသူများနဲ့ ပတ်သက်လို့ စိစစ်နေတယ်။ စိစစ်တဲ့ အပိုင်းကတော့ ပြီးသွားပြီ။ ကော်မရှင်ကိုရောက်လာတဲ့ အခါကျတော့ဒီနာမည်ကို သုံးစွဲတာနဲ့ ပတ်သက်လို့ အငြင်းပွားမှု ဘာညာများဖြစ်ပွား လာနိုင်သလားဆိုတာကို သူတို့အနေနဲ့ နည်းနည်းလေး စိုးရိမ်တယ်ဆိုတဲ့ အကြောင်းကို ကျနော်တို့အနေနဲ့ မိသားစု ပုံစံလေး ဆွေးနွေးရှင်းပြတဲ့ သဘောဖြစ်ပါတယ်" လို့ပြောပါတယ်။ ဒါအပြင် ပါတီနာမည်နဲ့ ပတ်သက်ပြီး အဖွဲ့ဝင်တွေနဲ့တိုင်ပင်ဆွေးနွေးပြီး ပြန်လည်တင်ပြသွားမယ်လို့လည်း ပြောဆိုခဲ့ပါတယ်။ "ကျနော်ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံရေးပါတီတစ်ခုဆိုတာက နိုင်ငံရေးပါတီမှာ ပူးပေါင်းပါဝင်တဲ့ ရဲဘော်ရဲဘက်တွေရဲ့ ဆန္ဒနဲ့လုပ်တဲ့ဟာဖြစ်တဲ့အတွက် ကျနော်တို့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ရဲဘော်တွေကို ပြန်ပြီတော့ ဆွေးနွေးပြီးရှင်းပြမယ်။ ရှင်းပြပြီး ပြန်ပြီးတော့ အကြောင်းပြန်မယ်လို့ ပြောဆိုခဲ့ပါတယ်"လို့ ဦးကိုကိုကြီးက ပြောပါတယ်။ ရှစ်လေးလုံးပါတီဆိုပြီး တည်ထောင်ဖို့အတွက်ကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးကို လာရောက်တင်ပြလျှောက်ထားခဲ့တာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024