Home
မြန်မာသတင်း
Yangon Water Bus တွံတေး အထူးခရီးစဉ်ပြေးဆွဲမည်
DVB
·
March 26, 2018
  Yangon Water Bus တွံတေး အထူးခရီးစဉ် ကို မနက်ဖြန် မတ်လ ၂၇ ရက်နေ့ကစပြီး စတင်ပြေးစဆွဲသွားမယ်လို့ Yangon Water Bus လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြပါတယ်။ ဒီခရီးစဉ်မှာ တဦးကို ကျပ် ၇၀၀၀ နဲ့ပြေးဆွဲမှာဖြစ်ပြီး ခရီးစဉ်အတွင်း water bus ထမင်းဘူး၊ ကော်ဖီ၊ ရေသန့်တွေ ပါဝင်မှာဖြစ်ပြီး တွံ့တေးမြို့တွင်း သွားလာမှုအတွက် ကားခအပြီးအစီးဖြစ်ကြောင်း ဖော်ပြပါတယ်။ ခရီးစဉ်အဖြစ် ရွှေဆံတော်ဘုရား၊ တွံ့တေးမြို့ပေါ်ရှိ အိုးလုပ်ငန်းတွေနဲ့ ဆိပ်ကမ်းဈေးတွေကို သွားရောက်လည်ပတ်မှာ ဖြစ်ကြောင်း ဖော်ပြပါတယ်။ ကြိုတင်လက်မှတ်တွေကို အင်းစိန်နဲ့ ဗိုလ်တထောင်ဂိတ်တွေမှာ စတင်ရောင်းချပေးနေပြီ ဖြစ်ပါတယ်။ Yangon Water Bus ဟာ လွန်ခဲ့တဲ့ နှစ်ပတ်လောက်ကစပြီး အပတ်စဉ် စနေနဲ့ တနင်္ဂနွေနေ့တွေမှာ  ရေလည်ကျောက်တန်း ခရီးစဉ်ကို ပုံမှန်ပြေးဆွဲ ဝန်ဆောင်မှုပေးနေပါတယ်။ Yangon water Bus ဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၇ ရက်နေ့ကစပြီး  ရန်ကုန်မြို့ ဗိုလ်တထောင်ဆိပ်ကမ်းကနေ အင်းစိန်ခုံးကျော်တံတားထိ ကျပ် ၄၀၀ နဲ့ စတင်ပြေးဆွဲခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024