Home
မြန်မာသတင်း
မြစ်ကြီးနားတွင် ကျောက်မျက်ရတနာအရောင်းပြပွဲကျင်းပ
DVB
·
March 26, 2018
  ကချင်ပြည်နယ် ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း (မြစ်ကြီးနား)က ပထမ အကြိမ် ကျောက်မျက်ရတနာအရောင်းပြပွဲကို မတ်လ ၂၆ ရက်က ကျင်းပပါတယ်။ ကျောက်မျက်ရတနာအရောင်းပြပွဲကို ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်နဲ့ဝန်ကြီးတွေ မြောက်ပိုင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ပြည်နယ်ဥပဒေချုပ် ပြည်နယ် တရားသူကြီးချုပ် ကချင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနဲ့ ဌာနဆိုင်ရာမှတာဝန်ရှိသူတွေ တက်ရောက်ခဲ့ပါတယ်။ ကျောက်မျက်ရတနာ အရောင်းပြပွဲမှာကျောက်စိမ်း C အဆင့်နဲ့ D အဆင့်ရှိတဲ့ကျောက်စိမ်း ပြကွက်အပုံ ၃၀၀ ကျော်လောက် ခင်းကျင်းပြသထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024