Live
Home
မြန်မာသတင်း
သမ္မတအရည်အချင်းစိစစ်ရာတွင် ဦးဝင်းမြင့်ကို တပ်မတော် မကန့်ကွက်
DVB
·
March 26, 2018
  ဒုတိယသမ္မတအဖြစ် ရွေးချယ်ခံထားရတဲ့ ဦးဝင်းမြင့်ကို သတ်မှတ်ထားတဲ့ သမ္မတ အရည်အချင်းနဲ့ ပြည့်စုံမှုရှိမရှိ စိစစ်တာမှာ တပ်မတော်သားလွှတ်တော်အစုအဖွဲ့ဘက်က ကန့်ကွက်မှု တစုံတရာမရှိခဲ့ဘူးလို့ စိစစ်ရေးအဖွဲ့ဝင် ဒေါ်ခင်စန်းလှိုင်ကပြောပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉ ပါ ဒုတိယသမ္မတတွေရဲ့ အရည်အချင်းတွေထဲက စစ်ရေးအမြင်ရှိရမယ်ဆိုတဲ့ အချက်ကို ကန့်ကွယ်မယ်လို့ ထင်ခဲ့ပေမယ့် တပ်မတော်ဘက်က ကန့်ကွက်မှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။ “ကျမတို့ အစကမျှော်လင့်တာ ဒါကိုများထောက်ပြမလားပေါ့။ သူတို့ဘက်က ထောက်မပြပါဘူး”လို့ နိုင်ငံတော်သမ္မတအရည်အချင်းစိစစ်ရေးအဖွဲ့ဝင် ဒေါ်ခင်စန်းလှိုင်က ပြောပါတယ်။ စစ်ရေးအမြင်ရှိရမယ်ဆိုတဲ့အချက်ဟာ ဆုပ်ကိုင်ပြလို့မရတဲ့အတွက် Idea ရှိယုံနဲ့ ရတယ်လို့ စိစစ်ရေးအဖွဲ့မှာပါတဲ့ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်က ဆိုပါတယ်။ သမ္မတအရည်အချင်းနဲ့ ကိုက်ညီကြောင်း ဒီကနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ လွှတ်တော်နယယက မန်းဝင်းခိုင်သန်းက ကြေညာခဲ့ပြီး နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်ပွဲကို မတ်လ ၂၈ ရက်နေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော်က ရွေးချယ်တင်မြှောက်လိုက်တဲ့ ဒုတိယသမ္မတ၊ လက်ရှိ ဒုတိယ သမ္မတတွေဖြစ်တဲ့ တပ်မတော်အစုအဖွဲ့က ရွေးချယ်တင်မြှောက်ခဲ့တဲ့ ဦးမြင့်ဆွေ၊ အမျိုးသားလွှတ်တော် အစုအဖွဲ့က တင်မြှောက်ခဲ့တဲ့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တို့ကို နိုင်ငံတော်သမ္မတအဖြစ် မဲခွဲဆုံးဖြတ် ရွေးချယ်ကြမှာဖြစ်ပါတယ်။ သမ္မတအရည်​ချင်းစိစစ်အဖွဲ့မှာ အမျိုးသားလွှတ်​​တော်​ ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်​​တော်​ကိုယ်စားလှယ်​တစ်​ဦး၊ ပြည်​သူ့လွှတ်​​တော်​ ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌနဲ့ ပြည်​သူ့လွှတ်​​တော်​ကိုယ်​စားလှယ်​တစ်​ဦး၊ တပ်​မ​တော်​သားလွှတ်​​တော်​ကိုယ်​စားလှယ်​အစုအဖွဲက ကိုယ်​စားလှယ်​တစ်​ဦးတို့ ပါဝင်​ဖွဲ့စည်းပြီး ​စိစစ်​ခဲ့တာဖြစ်​ပါတယ်​။ အဆိုပါဒုတိယ သမ္မတ ၃ ဦးထဲက ဦးဝင်းမြင့်သာနိုင်​ငံ​တော်​ သမ္မတ​နေရာအတွက်​ လွှတ်​​တော်​မှာ အများစုလွှမ်းမိုးထားတဲ့ အန်အယ်လ်ဒီ ပါတီကိုယ်​စားလှယ်​​တွေက ​ရွေးချယ်​သွားဖို့ ရှိတယ်​လို့ လွှတ်တော်ကိုယ်စားလှယ်တွေက ခန့်မှန်းနေကြပါတယ်​။ ဦဝင်းမြင့်သာ နိုင်​ငံ​တော်​ သမ္မတအဖြစ်​​ရွေးချယ်​ပါက အစိုးရအဖွဲရဲ့ လုပ်​​ဆောင်နို​င်​စွမ်း ပိုမိုတိုးတက်​လာမယ်​လို့လည်း ကိုယ်​စားလှယ်​​တွေကပြောပါတယ်​။ သတင်း- နေဖြိုးဝင်း/အောင်ဆန်းဦး

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024