မြောက်ကိုရီးယား သီးခြားနေမှုကြောင့် ညှိနှိုင်းဆွေးနွေးရာတွင် ခက်ခဲဟု အိုဘားမား ပြော

ဓာတ်ပုံ - AOL
မြောက်ကိုရီးယားရဲ့ သီးခြားရှိနေခြင်းဟာ ညှိနှိုင်းဆွေးနွေးရာမှာ ခက်ခဲစေတယ်လို့ အမေရိကန်သမ္မတဟောင်း ဘားရက်အိုဘားမားက ပြောကြားလိုက်ပါတယ်။ မတ်လ ၂၅ ရက်နေ့က ဂျပန်နိုင်ငံ မြို့တော် တိုကျိုမှာပြုလုပ်တဲ့ ကွန်ဖရင့်မှာ သမ္မတဟောင်း ဘားရက်အိုဘားမားက ပြောကြားခဲ့တာပါ။ “မြောက်ကိုရီးယားဟာ နိုင်ငံတကာစံနှုန်းတွေနဲ့ သိပ်ကို အလှမ်းကွာပြီး ကျန်တဲ့ ကမ္ဘာကြီးနဲ့ အဆက်ပြတ်နေတဲ့ နိုင်ငံတခုပါ။ ဒီတော့ သူ့ကိုဖိအားပေးဖို့ နည်းလမ်းရှာဖွေရာမှာ ခက်ခဲပါတယ်။ မြောက်ကိုရီးယားကိစ္စမှာ သူတို့က တခြားနိုင်ငံတွေနဲ့ ကုန်သွယ်ရေး၊ ကူးသန်းရောင်းဝယ်ရေး မရှိသလောက်ပဲ။ သူတို့က ခရီးအသွားအလာနည်းတယ်။ အချုပ်အချယ် များတယ်။ ဒီတော့ ညှိနှိုင်းဆွေးနွေးရာမှာ ခက်ခဲစေတယ်။ “ဒါပေမယ့် ကျနော်တို့ ဆက်လက်ကြိုးပမ်းရမှာပါ။ တကယ်လို့ မြောက်ကိုရီးယားဟာ ရန်စပြီး တခြားနိုင်ငံတခုကို တိုက်ခိုက်လာရင် ကျနော်တို့ဟာ မိမိကိုယ်ကိုနဲ့ ကိုယ့်မဟာမိတ်တွေကို ကာကွယ်ရမှာ ဖြစ်ပါတယ်။ လူ့အသက်ဟာ အရေးကြီးတဲ့အတွက် ဘယ်လိုပဲဖြစ်ဖြစ် စစ်ပွဲကို ရှောင်ရှားသင့်ပါတယ်” လို့ အမေရိကန် သမ္မတဟောင်း ဘားရက်အိုဘားမားက ပြောကြားခဲ့ပါတယ်။ အဲဒီနောက် အိုဘားမားဟာ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနဲ့ တွေ့ဆုံခဲ့ပြီး နေ့လယ်စာ ဆူရှီ  အတူသုံးဆောင်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up