လူနေအဆောက်အအုံများကြားက ဟောင်းနွမ်းနေတဲ့ အုတ်ဂူများ (ဓာတ်ပုံ)
DVB
·
March 26, 2018
လူနေအဆောက်အအုံတွေနဲ့ အမှိုက်တွေကြားမှာ ဟောင်းနွမ်းနေတဲ့ အုတ်ဂူတွေ ရှိပါတယ်။
ရန်ကုန်မြို့၊ ငါးထပ်ကြီးဘုရားအနီး၊ မြန်အောင်ဘုန်းကြီးကျောင်းဝင်းထဲမှာ ရှိတဲ့ မင်းတုန်းမင်း အနွယ်တော်တွေရဲ့ အုတ်ဂူတွေ ဖြစ်ပါတယ်။
မင်းတုန်းမင်း မြေးတော်တွေရဲ့ အုတ်ဂူတွေ၊ ကုန်းဘောင်မင်းဆက်အနွယ်တော် အုတ်ဂူနဲ့ ပြည်ထဲရေး ဝန်ကြီးချုပ်ဟောင်း ဆာ ဦးဘနဲ့ သူ့ဇနီးရဲ့ အုတ်ဂူတွေလည်း ရှိနေပါတယ်။
“ပဉ္စမသင်္ဂါယနာတင် မင်းတုန်းမင်းတရားကြီး၏ မြေးတော် ပင်လယ်ထိပ်ခေါင်တင်ကြီး၊ သက်တော် (၈၁)နှစ် ရှိသည်။ ၁၃၁၇ ခုနှစ် တန်ဆောင်မုန် လဆန်း ၁၄ ရက်နေ့ နတ်ရွာစံလွန်တော်မူသည်။
ပဉ္စမသင်္ဂါယနာတင် ဘဝရှင် မင်းတုန်းမင်းတရားကြီး၏ မြေးတော် သက်တော် ၈၃ နှစ်ရှိ သုသီရိနန္ဒဝတီ (ခေါ်) ပင်လယ်ထိပ်ခေါင်တင်ကလေး ၁၃၂၂ ခု ဝါဆိုလဆန်း ၅ ရက်နေ့ နတ်ရွာစံတော်မူသည်။
မင်းတုန်းမင်း၏ မြေးတော် ညောင်အုပ်မင်းသား၏ သမီးတော် ညောင်အုပ် ထိပ်တင်စိုး သက်တော် (၄၇) နှစ်” စသဖြင့် ရေးထိုးထားတာ တွေ့ရပါတယ်။
စနစ်တကျ ထိန်းသိမ်းပြင်ဆင်တာ မရှိတဲ့အပြင် အဆောက်အအုံတွေကြားမှာ ကြပ်ညပ်ပြီး အမှိုက်သရိုက်တွေလည်း အနီးအနားမှာ ရှိနေတာပါ။
ဓာတ်ပုံ - ကျော်ဇင်ဦး