Home
မြန်မာသတင်း
ဥက္ကံသစ်တောကြိုးဝိုင်းအတွင်း တရားမ၀င်သစ် ၄၃ တန်ကျော် ဖမ်းမိ
DVB
·
March 25, 2018
တိုက်ကြီးမြို့နယ်၊ ဥက္ကံသစ်တောကြိုးဝိုင်းအတွင်းမှာ အခုရက်ပိုင်းတွေအတွင်း သစ်တန်ရေ ၄၃ တန်ကျော် ဖမ်းဆီးရမိတယ်လို့ တိုက်ကြီးမြို့နယ် သစ်တောဦးစီးဌာနက သိရပါတယ်။ မတ် ၁၈ ရက်နေ့ကစတင်ပြိး တိုက်ကြီးမြို့နယ်သစ်တောဦးစီးဌာန၊ သာယာဝတီမြို့နယ် သစ်တောဦးစီးဌာန၊ သစ်တောရဲတပ်ဖွဲ့ဝင်တွေပူးပေါင်းပြီး ဆင်သတ်မုဆိုးသတင်းစုံစမ်းတာ၊ တရားမဝင်သစ် ဖမ်းဆီးတာတွေ ပြုလုပ်ခဲ့တာပါ။ ဥက္ကံသစ်တောကြိုးဝိုင်း တဘူးလှဆည်အထက်ပိုင်း ဝါဆိုမြောင်၊ ကွမ်းမြောင်၊ ရေကျော်၊ ဗွက်မြောင်၊ ပလုံး၊ အောက်ကျောက်ပြုတ်နဲ့ အထက်ကျောက်ပြုတ်နေရာတွေမှာ မတ်လ ၁၉ ရက်နေ့မှာ အခြားသစ် ၂၆ တန်ကျော်နဲ့ မတ်လ ၂၄ ရက်နေ့မှာ ဥက္ကံသစ်တောကြိုးဝိုင်းအတွင်း တမံ ၃ စခန်းနဲ့ ကျောက်ပြုတ်ကျေးရွာအကြားနေရာသုံးနေရာမှာ ကညင်နဲ့ အခြားသစ် အလုံး/ခွဲသား ၁၇ တန်ကျော်ကို ထပ်မံဖမ်းဆီးရမိပါတယ်။ တိုက်ကြီးမြို့နယ် သစ်တောဦးစီးဌာနကဦးစီးအရာရှိ ဦးစိုးမြင့်သူက “မတ်လ ၁၈ ရက်နေ့က ဆင်သတ်မုဆိုးသတင်း စုံစမ်းတယ်။ တရားမဝင် သစ်ထုတ်လပ်နေတာကို ဖမ်းစီးဖို့အတွက် သွားတာပါ။ အခု တရားမဝင်သစ် ထုတ်လုပ်နေတာကိုလည်း ဖမ်းစီးခဲ့သလို ဆင်သတ်မုဆိုးနဲ့ ပတ်သက်ပြီး စုံစမ်းခဲ့တာ။ သတင်းတော့ရလာပါပြီ မကြာခင်ဖမ်းဆီးရမိတော့မှာပါ” လို့ ပြောပါတယ်။ တိုက်ကြီးမြို့နယ်အတွင်းမှာ တောဆင်ရိုင်းတွေ အသတ်ခံရပြီး အရေခွံ၊ နှာမောင်း၊ အစွယ်တွေ ယူဆောင်ခြင်းများရှိနေပြီး ၂၀၁၆ ခုနှစ် ဒီဇင်ဘာလက အုပ်ချူပ်ရေးမှူးပါဝင်တဲ့ ဆင်သတ်မုဆိုးအဖွဲ့ကို ဖမ်းဆီးရမိထားပေမယ့် နောက်ထပ်တောဆင်ရိုင်း ထပ်မံအသတ်ခံရမှုတွေ ဆက်လက်ဖြစ်ပေါ်နေတာလည်း ဖြစ်ပါတယ်။ တိုက်ကြီးမြို့နယ်မှာ တောဆင်ရိုင်းအသတ်ခံရမှု ၂၀၁၅ ခုနှစ်ကနေ ၂၀၁၈ အထိ ၁၅ ကောင်လောက် ရှိပါတယ်။ သတင်း-မေသွယ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024