Home
မြန်မာသတင်း
လိုင်စင်မရှိဘဲ လက်လုပ် လေသေနတ်ကိုင်ဆောင်သူကို ဖမ်းဆီး
DVB
·
March 25, 2018
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ မတ်လ ၂၄ ရက် ညနေ ၄ နာရီက ဝန်ဇင်းရပ်ကွက် နယ်မြေ(၆) အိမ်ဆိုင်တဆိုင်မှာ ခဲဘောသီးထည့်ပစ်ရတဲ့ လက်လုပ်လေသေနတ်တလက် ဖမ်းမိတယ်လို့ မိတ္ထီလာအမှတ် (၂) ရဲစခန်းက ပြောပါတယ်။ မိတ္ထီလာမြို့ ရန်မျိုးအောင်ရပ်ကွက် နယ်မြေ (၉) နေ အသက် ၂၇ နှစ်ရှိ ကိုကျော်မင်းထွန်း ကိုင်ဆောင်ထားတဲ့ လက်လုပ်လေသေနတ်တလက်ကိုကိုင်ဆောင်ခွင့် လိုင်စင်မရှိပဲ ကိုင်ဆောင် ထားတာကြောင့် သိမ်းဆည်းဖမ်းဆီးလိုက်တာပါ လို့ မိတ္ထီလာအမှတ် (၂) ရဲစခန်း နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်လှမျိုးသူက ပြောပါတယ်။ “သစ်သားကိုယ်ထည် ဒင်အရှည် ၂ ပေ ၃ လက်မရှိပြီး လေအိုးက အနီရောင်ပါ အစိမ်းရောင် လေပိုက်အရှည် ၁ ပေ ၅ လက်မ ရှိတယ်။ လူကြီးလက်သန်းလောက် လုံးပတ်ရှိတဲ့ သံပြောင်းအရှည် ၁ ပေ ၁၁ လက်မ ရှိပါတယ်။ ‎ခဲဘောသီးထည့်ပစ်ရတဲ့ လေသေနတ် တလက်ပါ။” ‎    မိတ္ထီလာအမှတ် (၂) ရဲစခန်းမှာ ကိုကျော်မင်းထွန်း ကို တရားမဝင် လက်လုပ်သေနတ် ကိုင်ဆောင်မှု ‎လက်နက်ဥပဒေပုဒ်မ ၁၉(စ) နဲ့ (ပ)၈၈/၂၀၁၈ နဲ့ ဖမ်းဆီး အမှုဖွင့်ထားပါတယ်။ ‎သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024