Home
အနုပညာ
နိုင်ငံတကာရုပ်သေးပွဲတော် ရန်ကုန်တွင် ကျင်းပ
DVB
·
March 25, 2018
  နိုင်ငံ ၉ နိုင်ငံပါဝင်တဲ့ ပထမအကြိမ် နိုင်ငံတကာရုပ်သေးပွဲတော်ကြီးကို ရန်ကုန်မြို့ အမျိုးသား ကဇာတ်ရုံမှာ မတ်လ ၂၅ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီပွဲရဲ့ ပထမပိုင်းအစီအစဉ်ကို အမျိုးသားကဇာတ်ရုံဝင်းထဲမှာ မနက် ၉ နာရီက စတင်ကျင်းပခဲ့ပြီး ဒုတိယပိုင်းကိုတော့ နေ့လယ် ၁ နာရီမှာ ကပြခဲ့ပါတယ်။ ပါဝင်တဲ့ နိုင်ငံတွေကတော့ သြစတြေးလျ၊ ပြင်သစ်၊ အစ္စရေး၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ ထိုင်း၊ ဂျပန်၊ မြန်မာနဲ့ အမေရိကန်နိုင်ငံတို့ ဖြစ်ပါတယ်။ ဒီပွဲကို ဝင်ကြေးအနေနဲ့ အခမဲ့သတ်မှတ်ထားပြီး ကိုယ်ပိုင်အထက်တန်းကျောင်းက ကလေးငယ်တွေ၊ ရန်ကုန်မြို့က ကလေးငယ်တွေအပြင် နိုင်ငံခြားသား ကလေးငယ်တွေ လာရောက် အားပေးခဲ့ကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024