အာဖဂန်နှစ်သစ်ကူးပွဲတော်တွင် အသေခံဗုံးခွဲမှု ၁၀ ဦးသေ၊ ၃၅ ဦး ဒဏ်ရာရ (ရုပ်သံ)

အာဖဂန်နစ္စတန်နိုင်ငံ တောင်ပိုင်းက ဟဲမန်းဒ်ခရိုင် အားကစားခန်းမမှာ မတ် ၂၃ ရက်နေ့က ပေါက်ကွဲမှုကြောင့် လူအနည်းဆုံး ၁၀ ဦး သေဆုံးပြီး ၃၅ ဦး ဒဏ်ရာရပါတယ်။ အာဖဂန် နှစ်သစ်ကူးပွဲတော်ကို ဆင်နွှဲနေချိန် ညနေခင်းမှာ ပေါက်ကွဲ ခဲ့တာပါ။ ခရိုင်မြို့တော် လက်ရှ်ကာဂါက ဂါဇီမိုဟမ်မဒ် အာရွတ် အားကစားခန်းမမှာ အသေခံ ကားဗုံးခွဲ ခံရတာလို့ သံသယရှိတယ်။  သေဆုံးသူ အရေအတွက် တိုးလာနိုင်တယ်လို့ ခရိုင်အစိုးရ ပြောခွင့်ရက ပြောပါတယ်။ ကြိုတင် ကာကွယ်တဲ့အနေနဲ့ ဒေသတွင်းကို လုံခြုံရေးတပ်တွေက ကာရံထားပြီးပါပြီ။ တိုက်ခိုက်မှုအတွက် ဘယ်အုပ်စုကမှ တာဝန် မခံသေးပါဘူး။ ဟဲလ်မဲန်း ဒေသဟာ ဘိန်းစိုက်ပျိုးမှုအတွက် နာမည်ဆိုးနဲ့ ကျော်ကြားသလို တာလီဘန်တွေရဲ့ ခြေကုပ်စခန်းအဖြစ်လည်း လူသိများပါတယ်။ မတ် ၂၁ ရက်နေ့ကလည်း ကဘူးလ်မြို့မှာ နှစ်သစ်ကူး ဝါသနာအိုးတွေကို အစ္စလာမစ် နိုင်ငံ အမည်ခံ အိုင်အက်စ်စစ်သွေးကြွ ဗုံးခွဲသူက တိုက်ခိုက်ခဲ့လို့ လူ ၃၁ ယောက် သေဆုံးပြီး ၆၅ ယောက် ဒဏ်ရာရခဲ့ပါတယ်။ ရုပ်သံ - စီစီတီဗွီ

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up