နုတ်ထွက်စာ တင်တာမှန်တယ်၊ ဒေါ်စုက လက်မခံလို့ ပြန်လာရတာ – ဦးဝင်းထိန်

  ဒီနေ့ နေ့လယ်ပိုင်းက နေပြည်တော်၊ စည်ပင်ဧည့်ရိပ်သာမှာ ပြုလုပ်နေတဲ့ အန်အယ်လ်ဒီ ဗဟိုအလုပ်မှုဆောင် အစည်းအဝေးကို ပါတီအတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန် တက်ရောက်လာပါတယ်။ ဦးဝင်းထိန်ဟာ ဒီနေ့ မနက်ပိုင်းက သြစတြေးလျနိုင်ငံကနေ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ရောက်ရှိလာခဲ့ပြီး နေပြည်တော်ကို ဆက်လက် သွားရောက်ခဲ့တာပါ။ ဒါကြောင့် အစည်းအဝေးကို နောက်ကျပြီးမှ ရောက်လာခဲ့ပါတယ်။ ပါတီက နုတ်ထွက်ဖို့ တင်ပြခဲ့ပေမယ့် နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်က လက်မခံလို့ ပြန်လာရတာလို့ ဦးဝင်းထိန်က ပြောပါတယ်။ ဒါ့အပြင် ဦးတီခွန်မြတ်ကို လွှတ်တော်ဥက္ကဋ္ဌအဖြစ် တင်မြှောက်မယ်ဆိုတာ အရင်ကတည်းက ဆွေးနွေးခဲ့တာလို့လည်း ပြောပါတယ်။ “သြစတြေးလျ မသွားခင်ကတည်းက ဆွေးနွေးထားပြီးသား။ ဦးတီခွန်မြတ်ဖြစ်မယ်ဆိုတာလည်း သိပြီးသား။ ဦးတီခွန်မြတ်နဲ့ ပတ်သက်ပြီး စွပ်စွဲတာတွေက သူ အရင် ကြံ့ခိုင်ရေးတုန်းက ဘာလို့ မစွပ်စွဲသလဲ။ အခုမှ စွပ်စွဲတာ အဓိပ္ပာယ်မရှိဘူး။ လွှတ်တော်ထဲမှာ ဦးဝင်းမြင့် မရှိတော့ရင်တော့ အားနည်းသွားမှာပေါ့။ သူက ဥပဒေနားလည်တာကိုး” လို့ ပြောပါတယ်။ ဒီနေ့ အစည်းအဝေးကို ဒုတိယ သမ္မတအဖြစ် လွှတ်တော်က ရွေးချယ်ထားတဲ့ ဦးဝင်းမြင့်က လွဲလို့ ကျန်တဲ့ အမှုဆောင်တွေ အားလုံး တက်ရောက်ခဲ့ကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up