Home
မြန်မာသတင်း
ရန်ကုန် - မန္တလေး ရထားလမ်း အဆင့်မြှင့်နေပြီး ၈ နာရီထက် မပိုဘဲ ပြေးဆွဲနိုင်မည်
DVB
·
March 23, 2018
ရန်ကုန် - မန္တလေး ရထားလမ်း အဆင့်မြှင့်နေပြီး စီမံကိန်းပြီးရင်  ပြေးဆွဲချိန် ၈ နာရီထက် မပိုဘဲ ပြေးဆွဲနိုင်မယ်လို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်ဇင်မောင်က ပြောပါတယ်။ မတ် ၂၂ ရက်က ပြည်ထောင်စုလွှတ်တော်အတွင်း ဝန်ကြီးက ပြောခဲ့တာဖြစ်ပြီး  စီမံကိန်းကို ODA ချေးငွေ ဂျပန်ယန်း ၅၆ ဒသမ ၆၂၂ ဘီလီယံနဲ့ အကောင်အထည်ဖော် လုပ်ဆောင်မယ်လို့လည်း ပြောပါတယ်။ ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်းကို ၂၀၁၈ ခုနှစ်ကနေ ၂၀၂၀ ပြည့်နှစ်အတွင်း ဆောင်ရွက်သွားမှာဖြစ်တယ်။ ခေတ်မီရထားလုပ်ငန်းစနစ်များနဲ့ ရန်ကုန်-မန္တလေး အဓိကရထားလမ်းမကြီးနဲ့ အချက်ပြစနစ်များကို အဆင့်မြှင့်တင်မယ်။ စီမံကိန်းပြီးစီးရင် ခေတ်မီ DEMU တွဲဆိုင်းအသစ်တွေနဲ့ တနာရီ ကီလိုမီတာ ၁၀၀ အထိ ပြေးဆွဲနိုင်မယ်လို့လည်း ဝန်ကြီး ဦးသန့်ဇင်မောင်က လွှတ်တော်မှာ ပြောပါတယ်။ ရန်ကုန်နဲ့ မန္တလေးကို ရထားနဲ့  ပြေးဆွဲချိန် ၈ နာရီထက် မပိုဘဲ ပြေးဆွဲနိုင်မှာဖြစ်လို့ အဝေးပြေး မော်တော်ယာဉ်လိုင်းတွေနဲ့ ယှဉ်ပြိုင်ပြီး ရထားနဲ့ ခရီးသည်၊ ကုန်စည်ပို့ဆောင်မှုကို ဘေးအန္တရာယ်ကင်းရှင်းစွာ တိုးမြှင့်ပို့ဆောင်နိုင်မှာဖြစ်ကြောင်းလည်း လွှတ်တော်မှာ ဝန်ကြီးက ပြောသွားပါတယ်။ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနဟာ မကြာသေးခင်ကပဲ ရန်ကုန်-မန္တလေး ရထားလမ်းမှာ သုံးဖို့  အိန္ဒိယနိုင်ငံ RITES Ltd က ထုတ်လုပ်တဲ့ YDM-4 ဒီဇယ်လျှပ်စစ် စက်ခေါင်း ၁၈ ခု ၀ယ်ယူခဲ့ပါသေးတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024