အကျဉ်းကျနေသူတွေရဲ့ ကလေးတွေကို စောင့်ရှောက်တဲ့ ရွာကလေး
DVB
·
May 29, 2012
တရုတ်ပြည်က အကျဉ်းထောင်တွေထဲမှာ လူ ၁ သန်းကျော်လောက် ရှိပါတယ်။ အဲဒီ အကျဉ်းသားတွေထဲက ၃ပုံ ၁ပုံမှာ သားသမီးတွေ ရှိပါတယ်။ ကလေးအများစုဟာ ထိန်းသိမ်းစောင့်ရှောက်သူမဲ့ နေကြပြီး၊ သူတို့ကို မိဘမဲ့ဂေဟာတွေကလည်း အသိအမှတ်မပြု၊ အစိုးရရဲ့ လူမှုထောက်ပံ့မှုလည်းမရ ဖြစ်နေပါတယ်။ အကျဉ်းကျနေသူတွေရဲ့ အိမ်ခြေရာမဲ့ ကလေးတွေကို Sun Village လို့ခေါ်တဲ့ ပရဟိတ လူမှုရေးအဖွဲ့တခုက စောင့်ရှောက်လာတာ ၁၈ နှစ်ရှိပါပြီ။ တရုတ်ပြည်အနှံ့အပြားက ကလေး ၄ ထောင်ကျော်ရဲ့ နေထိုင်စားသောက်မှုနဲ့ ပညာရေးကို နှစ်အတော်ကြာအောင် အကူအညီပေးလာခဲ့ပါတယ်။ အခု ပေကျင်းမြို့ပြင်မှာရှိတဲ့ Sun Village ရွာလေးရဲ့ ၁၈ နှစ်ပြည့်ပွဲကို သွားရောက်ခဲ့တဲ့ လမ်းလီ (Lam Li) က သတင်းပေးပို့ထားပါတယ်။ အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။