ရီးရဲလ်နောက်ခံလူ ဗာရာနီကို ခေါ်ယူရန် မန်ယူ ပြင်ဆင်နေ

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ရီးရဲမက်ဒရစ် နောက်ခံကစားသမား ရက်ဖဲလ် ဗာရာနီကို ပေါင်သန်း ၄၀  နဲ့ ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။ အသက် ၂၄ နှစ်အရွယ် ဗဟိုခံစစ်မှူး ဗာရာနီကို ရီးရဲလ်မက်ဒရစ်အသင်းက ပြောင်းရွှေ့ကြေး ပေါင်သန်း ၅၀ သတ်မှတ်ထားပြီး မောရင်ဟို ခေါ်ယူလိုတဲ့ နံပါတ် ၁ ကစားသမားထဲမှာ အပါအဝင် ဖြစ်ပါတယ်။ ဗာရာနီ ရီးရဲလ်မက်ဒရစ်အသင်းကို မရောက်ရှိသေးခင် နည်းပြကြီး ဖာဂူဆန် မန်ယူကို ကိုင်တွယ်နေတုန်းက ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့တဲ့ ကစားသမားတဦးလည်း ဖြစ်ပါတယ်။ ဒါ့အပြင် မော်ရင်ဟို ချဲလ်ဆီးအသင်းကို ကိုင်တွယ်စဉ်ကလည်း ခေါ်ယူဖို့ ကြိုးပမ်းခဲ့ဖူးပြီး အခုတကြိမ်မှာတော့ ရောက်ရှိဖို့ ရာခိုင်နှုန်းများနေတယ်လို့ သိရပါတယ်။ အဲဒီ ပြင်သစ်လက်ရွေးစင် ကစားသမားဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ၂၀၂၂ ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up