Home
မြန်မာသတင်း
လစ်လပ်သွားသည့် သမ္မတနေရာအတွက် မနက်ဖြန်ရွေးကောက်တင်မြှောက်မည်
အောင်ဆန်းဦး
·
March 22, 2018
  သမ္မတ ဦးထင်ကျော် တာဝန်ကနေ နုတ်ထွက်သွားတဲ့အတွက် လစ်လပ်​သွားတဲ့ နိုင်​ငံ​တော်​ သမ္မတ​နေရာမှာ အစားထိုးခန့်အပ်ဖို့ သမ္မတ တစ်ဦးကို မနက်ဖြန် မတ်လ၂၃ရက်မနက် ပြည်သူ့လွှတ်တော်မှာ ရွေးကောက်တင်မြှောက်ဖို့ရှိနေပါတယ်။ ပြည်​သူ့လွှတ်​​တော်​ကိုယ်​စားလှယ်အစုအဖွဲ့က တင်ေြ​မာက်​တဲ့ သမ္မ​တနေရာဖြစ်​တဲ့အတွက်​ ပြည်​​သူ့လွှတ်​​တော်​က ​သောကြာ​နေ့မှာ ​ရွေးချယ်​ပေးဖို့ ယာယီသမ္မတဦးမြင့်ဆွေက ပြည်​​ထောင်​စုလွှတ်​​တော်​ကို တင်​ပြထားပါတယ်။ လစ်လပ်​သွားတဲ့ နိုင်​ငံ​တော်​ သမ္မတ​နေရာအတွက်​ ​ရွေးချယ်​​ပေးဖို့ယာယီသမ္မတ ဦးမြင့်​​ဆွေက ​ပေးပို့ထားတဲ့ အ​ကြောင်းကြားစာကို ဒီကနေ့ မွန်းလွဲပိုင်းကကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ နာယက မန်းဝင်းခိုင်သန်းက ​ကြေညာ မှတ်​တမ်းတင်​တာ ပြုလုပ်​ခဲ့ပါတယ်​။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024