Home
မြန်မာသတင်း
နုတ်ထွက်သွားသည့် လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် ကိုယ်စားလှယ်များတွေ့ဆုံ
အောင်ဆန်းဦး
·
March 21, 2018
  ပြည်သူ့လွှတ်​​တော်​ဥက္ကဋ္ဌ တာဝန်​က​နေ နုတ်​ထွက်​သွားတဲ့ ဦးဝင်းမြင့်​ဟာ မတ်​လ ၂၁ ရက်​​မွန်းလွဲပိုင်း လွှတ်တော်အစည်းအဝေးပြီးချိန်မှာ NLD ပါတီဝင်​ လွှတ်​​တော်​ကိုယ်​စားလှယ်​​တွေနဲ့ ​လွှတ်​​တော်​ဝင်းအတွင်းက ဇမ္ဗူသီရိခန်းမမှာ ​တွေ့ဆုံခဲ့ပါတယ်​။ ဒီ​တွေ့ဆုံမှုမှာ​ သမ္မတရာထူးနဲ့ ပတ်သက်​တဲ့ကိစ္စ၊  လွှတ်​​တော်​ဥက္ကဋ္ဌ ရာထူးက နုတ်​ထွက်​ရတဲ့ကိစ္စ​တွေကို ​ပြောဆိုတာမရှိဘဲ သာမန်​နှုတ်​ဆက်​မှုပုံစံပဲ ဖြစ်​တယ်​လို့ အန်အယ်လ်ဒီ ပါတီကိုယ်​စားလှယ်​​တွေက ဆိုပါတယ်​။ နှုတ်​ဆက်​ပွဲတက်​​ရောက်​ခဲ့တဲ့ ရန်​ကင်းမဲဆန္ဒနယ်​ကိုယ်​စားလှယ်​ ​ဒေါ်ဇင်​မာ​အောင်​က "သတင်းစာရှင်းလင်းပွဲကို အစိုးရဘက်ခြမ်းကဖြစ်ဖြစ် ပါတီဘက်ခြမ်းကပဲ ဖြစ်ဖြစ်လုပ်မယ်လို့ ပြောပါတယ်။ ဥက္ကဋ္ဌအဖြစ်ကနေ ဒီလိုမျိုးရုတ်တရက်နုတ်ထွက်တဲ့အတွက် နှုတ်ဆက်တဲ့ သဘောပါ။ အစိုးရပိုင်းကပဲ သတင်းစာရှင်းလင်းပွဲလုပ်ပါလိမ့်မယ်။ ကျမတို့ကိုတော့ ဘာမှမပြောပါဘူး။ နှုတ်ဆက်တဲ့သဘောပါပဲ။ စည်းကမ်းရှိရှိနေဖို့ ညီညီညွတ်ညွတ်နေဖို့တို့ ဒီလောက်ပါပဲ"လို့ ဆိုပါတယ်​။ ဦးဝင်းမြင့်ဟာ လစ်​လပ်​သွားတဲ့ နိုင်​ငံ​တော်​သမ္မတ ဦးထင်​​ကျော်​​နေရာမှာ ​ရွေးချယ်​ခံဖို့အတွက်​ လက်​ရှိ ပြည်​သူ့လွှတ်​​တော်​ ဥက္ကဋ္ဌရာထူးက​နေ နုတ်​ထွက်​တာဖြစ်​တယ်​လို့ NLD ပါတီဝင်​ ကိုယ်​စားလှယ်​​တွေနဲ့ ပါတီရဲ့ ထိပ်​ပိုင်း​ခေါင်း​ဆောင်​​တွေက မှတ်​ချက်​ပြုပါတယ်​။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024