Home
မြန်မာသတင်း
မိတ္ထီလာတွင် မီးလောင်၊ မီးသတ်တပ်ဖွဲ့ဝင် ၁ ဦး ဒဏ်ရာရ
DVB
·
March 21, 2018
  မိတ္ထီလာမြို့မှာ မနေ့ညနေ ၄ နာရီလောက်က TV Safe guard အပူလွန်ကဲရာမှ နေအိမ် ၅ လုံး မီးလောင်ပြီး မီးသတ်တပ်ဖွဲ့ဒုတပ်ကြပ်တဦး ဒဏ်ရာရရှိခဲ့ပါတယ်။ မိတ္ထီလာမြို့ မြို့မရပ်ကွက် ပန်းတိမ်တန်းရပ် အငြိမ်းစား အလယ်တန်းပြဆရာ ဦးမြင့်ဆွေရဲ့ ၃ ထပ်တိုက် အပေါ်ဆုံးထပ်မှ TV Safe guard အပူလွန်ကဲ၍ အဝတ်အစားတွေကို မီးကူးစက်ပြီး မီးလောင်ခဲ့ရာ အနီးရှိ အိမ် ၄လုံးပါ မီးကူးလောင်တာကြောင့် မီးငြိမ်းသတ်တဲ့ မီးသတ်တပ်ဖွဲ့ဝင်တဦး ဒဏ်ရာရခဲ့တယ်လို့ ခရိုင်မီးသတ်တပ်ဖွဲ့ဦးစီးမှူး ဦးကျော်ဆန်းက ပြောပါတယ်။ “ဦးမြင့်ဆွေအိမ်နဲ့ ဦးလှမြင့်သိန်းပိုင်တဲ့ အိုကေစွပ်ပြုတ်ဆိုင်၊ ကိုလှိုင်မင်းသန်းနဲ့ ဦးရှင်တို့ ပိုင်တဲ့ မိုးကာစဆိုင် ၂ ဆိုင်၊ ဒေါ်ခင်မိုး ပိုင်တဲ့ထီလာအေး ကဖေးဆိုင်တို့ မီးလောင်ပါတယ်။ မီးသတ်တပ်ဖွဲ့က ဒုတပ်ကြပ်ကျော်စွာဝင်း မီးငြိမ်းသတ်ရင်း ညာဘက်လက်ကောက်ဝတ် မှန်ကွဲထိပြီး ဒဏ်ရာရလို့ မိတ္ထီလာဆေးရုံ တင်ထားပါတယ်။ မီးသတ်ဆေးဗူး ၃လုံး၊ မီးသတ်တပ်ဖွဲ့ အရံသန္ဓေ ၇၄ ဦး မီးသတ်ကား ၁၇စီးနဲ့ ရေဂါလံ ၃သောင်းလောက်သုံး လိုက်ရတယ်။ တပ်မ ၉၉ က တပ်မမှူးဗိုလ်မှူးချုပ်သန်းဦး ဦးစီးပြီး ၇၂ ဦးနဲ့ မီးသတ်ယာဉ် ၃ စီး လာရောက်ကူညီတယ်။ ရဲတပ်ဖွဲ့ဝင် ၃၈ ဦးတို့လည်း ကူပြီးမီးငြိမ်းသတ်ကြတယ်။ ဆုံးရှုံးတန်ဖိုး ၂သိန်းလောက်ရှိမယ် ခန့်မှန်းတယ်။” မိတ္ထီလာမြို့မရဲစခန်း ဒုရဲအုပ်အောင်သူ‎ဟိန်းက “မီးသတ်က ဒုတပ်တပ်ကြပ်တော့ ဒဏ်ရာရတယ်။ လူနဲ့ တိရစ္ဆာန် သေဆုံးမှု မရှိပါဘူး။ အဲဒီနေရာကို ရဲလုံခြုံရေး ချထားပါတယ်”လို့ ပြောပါတယ်။ ဦးမြင့်ဆွေအား မီးပေါ့ဆလို့ မီးလောင်မှု ရာဇသတ်ကြီး ပုဒ်မ ၂၈၅ ဖြင့် (ပ)၁၄၉/၂၀၁၈ နဲ့ မိတ္ထီလာ မြို့မရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။ ‎သတင်း - မောင်မောင်လင်း(ဝမ်းတွင်း)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024