Home
မြန်မာသတင်း
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသစ် မနက်ဖြန်ရွေးကောက်တင်မြှောက်မည်
DVB
·
March 21, 2018
  ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ရာထူးတာဝန်ကနေ နုတ်ထွက်သွားတဲ့ ဦးဝင်းမြင့်ရဲ့နေရာမှာ အစားထိုးခန့်အပ်ဖို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသစ်တဦးကို  မနက်ဖြန် မတ်လ ၂၂ရက်မှာ ရွေးကောက် တင်မြှောက်ဖို့ရှိနေပါတယ်။ မနက်ဖြန်မနက် ကျင်းပမယ့် ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ၃၁ရက်မြောက်နေ့ အစီအစဉ် လျာထားချက်မှာ ခုလိုဖော်ပြထားတာဖြစ်ပြီး လိုအပ်ရင် ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌ သစ်တဦးကိုလည်း ရွေးကောက်တင်မြှောက်မယ်လို့ဆိုပါတယ်။ ရွေးကောက်တင်မြှောက်ပြီးသွားရင်တော့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌ သစ်တွေဟာ သဘာပတိရှေ့မှောက် ကတိသစ္စာပြု လက်မှတ်ရေးထိုးတာ၊ တာဝန်လွှဲပြောင်း ရယူတာနဲ့ ဥက္ကဋ္ဌသစ်က နုတ်ခွန်းဆက်စကားပြောကြားဖို့ အစီအစဉ်တွေလည်းရှိပါတယ်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် ရာထူးတာဝန်ကနုတ်ထွက်ကြောင်းနဲ့ ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ လစ်လပ်သွားတဲ့ နေရာ အစားထိုး ရွေးချယ်တင်မြှောက်တာကို လုပ်ထုံး လုပ်နည်းတွေနဲ့အညီ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဒီနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာ ဒု-ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ကြေညာသွားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024