ဘီတဲလ်စ် အဖွဲ့ဝင်ဟောင်း ရင်ဂိုစတားအား ဗြိတိန်ဘုရင်မကြီးက သူရဲကောင်းဘွဲ့ချီးမြှင့်

ဓာတ်ပုံ - JOHN STILLWELL/AFP/GETTY IMAGES
အင်္ဂလိပ် ရော့ခ်တေးဂီတအဖွဲ့ဖြစ်တဲ့ ဘီတဲလ်စ် (Beatles) အဖွဲ့ဝင်ဟောင်း ဒရမ်မာသမား ရင်ဂိုစတား (Ringo Starr) ဟာ ဗြိတိန်ဘုရင်မကြီးက ချီးမြှင့်တဲ့ သူရဲကောင်းဘွဲ့ကို မတ်လ ၂၀ ရက်နေ့က ရရှိခဲ့ပါတယ်။ ဂီတအတွက် သူ့လုပ်ဆောင်ချက်တွေကြောင့် ရင်ဂိုစတားဟာ ဘုရင်မကြီးရဲ့ ၂၀၁၈ နှစ်သစ် ဂုဏ်ထူးဆောင်ဆုပေးမယ့်သူ စာရင်းမှာ ပါခဲ့တာပါ။ ဒီဆုကို ဗြိတိန်တော်ဝင်မင်းသား ဝီလီယံက လန်ဒန်မြို့ရှိ ဘက်ကင်ဟမ်နန်းတော်မှာ အခမ်းအနားနဲ့ ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။ ရင်ဂိုစတားဟာ ဘီတဲလ်စ်အဖွဲ့ကို ၁၉၆၂ ခုနှစ်မှာ ဝင်ရောက်ခဲ့ပါတယ်။ ၁၉၇၀ ပြည့်နှစ်မှာ ဘီတဲလ်စ်အဖွဲ့ဝင်တွေ လမ်းခွဲကြတဲ့အခါ သူဟာ တကိုယ်တော် ဂီတလမ်းကြောင်းကို ဆက်လျှောက်ခဲ့ပါတယ်။ ရင်ဂိုစတားဟာ ဖျော်ဖြေရေးနယ်ပယ်မှာ အောင်မြင်သူတွေကို ကြယ်ပွင့်နဲ့ ဂုဏ်ပြုဖော်ပြတဲ့ Hollywood Walk of Fame မှာလည်း ၂၀၁၀ ခုနှစ်က မှတ်တမ်းတင် ဂုဏ်ပြုခံထားရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up