Home
မေးမြန်းခန်း
အရပ်ဘက်ပစ်မှတ်​တွေကို တိုက်ခိုက်ဖို့​ ညွှန်ကြား​ထား​တာ မရှိဘူး
နန်းမြနဒီ
·
May 28, 2012
အရပ်ဘက်ပစ်မှတ်​တွေကို တိုက်ခိုက်ဖို့​ ​အောက်​ခြေတပ်​တွေကို ညွှန်ကြား​ထား​တာ မရှိဘူး​လို့​ မြန်မာအစိုး​ရတပ်​တွေနဲ့​ တိုက်ပွဲ​တွေဖြစ်ပွား​နေတဲ့​ ​ကေအိုင်​အေ ကချင်လွတ်​မြောက်​ရေး​တပ်မ​တော်က ​ပြောကြား​လိုက်ပါတယ်။ [caption id="attachment_25971" align="alignleft" width="300" caption="ကေအိုင်​အေ ဒု-စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်​မော်"][/caption] ခုရက်ပိုင်း​အတွင်း​ အစိုး​ရမီဒီယာ​တွေက​နေ ​ကေအိုင်​အေက လျှပ်စစ်မီး​ပေး​တဲ့​ တာဝါတိုင်​တွေကို မိုင်း​ထောင် ​ဖောက်ခွဲဖျက်ဆီး​လိုက်တာ​ကြောင့်​ မြန်မာနိုင်ငံတွင်း​ လျှပ်စစ်ဓာတ်အား​တွေ ပြတ်လပ်ကုန်တာလို့​ စွပ်စွဲ​ရေး​သား​နေမှု​တွေအ​ပေါ် ​ကေအိုင်​အေက တုံ့​ပြန်​ပြောကြား​လိုက်တာပါ။ ဒီတုံ့​ပြန်​ပြောကြား​ချက်နဲ့​ ပတ်သက်ပြီး​ ​ကေအိုင်​အေ ဒု - စစ်ဦး​စီး​ချုပ် ဗိုလ် ချုပ်ဂွမ်​မော်ကို ဆက်သွယ်​မေး​မြန်း​ထား​ပါတယ်။ မြန်မာ့​အလင်း​ သတင်း​စာထဲမှာ ​ကေအိုင်​အေက​နေ ​ရွှေလီ-မန်စံ မဟာဓာတ်အား​ပေး​ လိုင်း​တခုကို ၁၈ - ၁၉ ရက်မှာလုပ်တယ်တဲ့​။ ​နောက်တခုက နမ့်​ခမ်း​-မူဆယ် ဓာတ်အား​ပေး​လိုင်း​တခုကို​တော့​ ၂၅ ရက်​နေ့​မနက်မှာ ​ကေအိုင်​အေက ဖျက်ဆီး​သွား​တယ်တဲ့​။ ဒီ ၂ ခုနဲ့​ ပတ်သက်ပြီး​ ဗိုလ်ချုပ်တို့​ဘက်က ဘာများ​ ​ပြောလိုပါသလဲ။ “ပျက်စီး​သွား​တာ​တော့​ မှန်တယ်။ ဒါ​ပေမယ့်​ ကျ​နော်တို့​ ​ကေအိုင်​အေ တပ်​တွေဖြစ်မယ်ဆိုတာ​တော့​ သိပ်မ​သေချာဘူး​။ ကျ​နော်တို့​ ကိုယ်တိုင်ကလည်း​ ညွှန်ကြား​ထား​တာ မရှိ​သေး​ဘူး​။ ​ရှေ့​တန်း​တပ်​တွေကို အ​ခြေအ​နေအရ လိုအပ်ရင် လိုအပ်သလို ပြည်သူလူထုရဲ့​ အ​ဆောက်အဦ​တွေ၊​ ​ကျောင်း​တွေ၊​ ​ဆေး​ရုံ​တွေကို မထိခိုက်ဖို့​ ညွှန်ကြား​ထား​တာ​လောက်ပဲရှိတယ်။ အဲဒီ​တော့​ ကျ​နော်တို့​တပ်​တွေ လုပ်တာဟုတ်မဟုတ်ဆိုတာလည်း​ ကျ​နော်တို့​တွေ ပြန်ကြည့်​ရမယ်။ ဒါ​ပေမယ့်​ အဲဒီဘက်မှာ​တော့​ တခြား​တပ်​တွေလည်း​ အများ​ကြီး​ရှိတယ်ဆို​တော့​ အခုမှ ဒီကိစ္စ​တွေ စိစစ်​နေတုန်း​ပါ။” သတင်း​စာက ဒီလိုစွပ်စွဲထား​တဲ့​အ​ပေါ်မှာ ဘာများ​ပြန်​ပြောလိုပါသလဲ။ “အစိုး​ရသတင်း​စာ​တွေက​တော့​ အမြဲတမ်း​ ဒီလိုပဲ စွပ်စွဲ​နေတာဆို​တော့​ သတင်း​တိုင်း​ကို ပြန်​ချေပတာမျိုး​ မလုပ်​တော့​ဘူး​။” ​ကေအိုင်​အေတပ်မဟာ ၄ က​နေ မူဆယ်-လား​ရှိုး​ သွား​တဲ့​လမ်း​မှာ ကား​တွေ မသွား​ရဘူး​လို့​ အမိန့်​ထုတ်ထား​တယ်။ အဲဒါဟုတ်ပါသလား​။ “အဲဒါက ကျ​နော်တို့​ ဗဟို​ကော်မတီက​နေ အမိန့်​ထုတ်ထား​တာ​တော့​ မရှိဘူး​။ ​ရှေ့​တန်း​မှာ သူတို့​က​နေ လုံခြုံ​ရေး​အ​ခြေအ​နေအရ သတိ​ပေး​တား​မြစ်တာ ဖြစ်ပါလိမ့်​မယ်။ ကျ​နော်တို့​ ပြန်စိစစ်ကြည့်​ဦး​မယ်။” အခု​ကော တိုက်ပွဲ​တွေ ဖြစ်​နေ​သေး​သလား​။ “တိုက်ပွဲ​တွေက​တော့​ ​နေ့​တိုင်း​ဖြစ်ပါတယ်။ ဒီမနက်ကလည်း​ဖြစ်တယ်။ မနက်က​တော့​ တပ်မဟာ ၅ ​ဒေသ၊​ တပ်ရင်း​ ၃ ​ဒေသဘက်မှာ ဒီမနက်တိုက်ပွဲ​တွေ ၂ ကြိမ်​လောက်ဖြစ်တယ်။ ဒီမနက်ဖြစ်တဲ့​ တိုက်ပွဲ​တွေက ၂ ကြိမ်လုံး​ ပြင်း​ထန်ပါတယ်။” ထိခိုက်ဒဏ်ရာရတာ​တွေ​ကော သတင်း​ရလား​။ “ဒီမနက်က​တော့​ သတင်း​ဘာမှမရ​သေး​ဘူး​။” ​နေ့​တိုင်း​ဖြစ်တယ်ဆို​တော့​ တရက်ကို ပျမ်း​မျှ ဘယ်နှကြိမ်​လောက် ဖြစ်​နေလဲ။ “တရက်မှာ ၅ ကြိမ်​လောက် ပျှမ်း​မျှ တိုက်ပွဲ​တွေရှိပါတယ်။ ဗဟိုဌာနချုပ် ​ဒေသ၊​ တပ်မဟာ ၄၊​ တပ်မဟာ၃၊​ တပ်ရင်း​ ၃၊​ ဒီ​ဒေသ​တွေမှာ များ​ပါတယ်။” အစိုး​ရတပ်ဘက်က စစ်အင်အား​ဖြည့်​တာ​တွေ ရှိပါသလား​။ “အင်အား​က​တော့​ သူတို့​ဆီမှာ တပ်​တွေများ​တယ်ဆို​တော့​ ​ရှေ့​တန်း​တပ်​တွေမှာ အင်အား​အ​ပြောင်း​အလဲ လုပ်တာ​တွေ၊​ အ​ပြောင်း​အ​ရွှေ့​ လုပ်တာ​တွေက​တော့​ ​တောက်​လျှောက်ရှိပါတယ်။” ​ကေအိုင်အို ထိန်း​ချုပ်နယ်​မြေထဲမှာ အစိုး​ရတပ်​တွေ ဘယ်နှရင်း​လောက် ​ရောက်​နေပြီလဲ။ “အား​လုံး​တပ်ရင်း​နာမည်နဲ့​ဆိုရင်​တော့​ တပ်ရင်း​ပေါင်း​ ၁၀၀ ​ကျော်၊​ ၁၂၀ ဝန်း​ကျင်​လောက်ရှိပါတယ်။” တပ်ရင်း​ပေါင်း​ ၁၂၀ ဝန်း​ကျင် နဲ့​ ​ကေအိုင်အိုနဲ့​ အင်အား​မျှသလား​။ “မမျှပါဘူး​။ ​ကေအိုင်အိုက ​ပြောက်ကျား​ နည်း​စနစ်​တွေနဲ့​ ခုခံကာကွယ်​နေပါတယ်။” အခုအစိုး​ရတပ်က လိုင်ဇာဌာနချုပ်နဲ့​ ဘယ်​လောက်အကွာမှာ ​ရောက်​နေပြီလဲ။ “လိုင်ဇာနဲ့​က​တော့​ ​မော်တာလက်တကမ်း​မှာ ၄ ကီလိုမီတာ​လောက်မှာ ​တောက်​လျှောက်ရှိတယ်။ လက်နက်ကြီး​တွေ အသုံး​များ​တယ်။ ၁၂၀၊​ ၁၀၅ ​တော်​တော်များ​များ​ သုံး​ပါတယ်။ လွန်ခဲ့​တဲ့​ ၂ ရက်ကလည်း​ ၁၀၅ လက်နက်ကြီး​တွေ အကြိမ်​ပေါင်း​ ၄၀ ​လောက်၊​ လိုင်ဇာဘက်ကို ပစ်​နေတာ၊​ အဲဒီ​တော့​ လက်နက်ကြီး​တွေ ​တော်​တော်များ​များ​ သုံး​ပါတယ်။” ဒီလိုလက်နက်ကြီး​ သုံး​တဲ့​အတွက် ​ဒေသခံ​တွေ ထပ်ပြီး​ထွက်​ပြေး​ရတာ ရှိသလား​။ “အနည်း​အကျဉ်း​ရှိပါတယ်။ အဲဒီတိုက်ပွဲ​ဒေသမှာ​တော့​ ထွက်​ပြေး​စရာ ​ဒေသခံကလည်း​ သိပ်မကျန်​တော့​ဘူး​။ ကျန်တာနည်း​နည်း​ပါး​ပါး​လည်း​ အကုန်လုံး​လိုလို ​ရှောင်တိမ်း​ကုန်ပါပြီ။” လိုင်ဇာ​ဒေသက ဒုက္ခသည်စခန်း​မှာ အခု​ကျောင်း​တွေပြန်ဖွင့်​ပြီလား​။ “အခုဖွင့်​ဖို့​ပြင်ဆင်​နေပါပြီ။ ဒီလကုန်​လောက်ကို၊​ အခု​တော့​ ​ကျောင်း​သား​တွေ လက်ခံ​နေပါပြီ။” ​ကျောင်း​သား​တွေ လက်ခံတယ်ဆို​တော့​ လိုအပ်တဲ့​ အခက်အခဲ​တွေရှိပါသလား​။ “​တော်​တော်များ​များ​ရှိတယ်။ ဒါ​ကြောင့်​ ကျ​နော်တို့​ ​ကေအိုင်အိုက​နေ တာဝန်ယူဖွင့်​တဲ့​ ​ကျောင်း​တွေမှာ​တော့​ ဒီနှစ်စာသင်နှစ်အတွက် ​ကျောင်း​လခ လွတ်ငြိမ်း​ခွင့်​ အကုန်လုံး​ကို​ပေး​ဖို့​ ဆုံး​ဖြတ်ထား​တယ်။ ကျန်တဲ့​အပိုင်း​က​တော့​ တတ်နိုင်သ​လောက် ကူညီသွား​မယ်ဆိုပြီး​တော့​ ဆုံး​ဖြတ်ထား​တယ်။” ​ကျောင်း​သား​ပေါင်း​ ဘယ်​လောက်​လောက် ရှိပါသလဲ။ “​ကျောင်း​သား​က​တော့​ များ​တယ်။ လိုင်ဇာမှာကိုက အရင်ကတည်း​က ရှိပြီး​သား​ ​ကျောင်း​သား​က ၁ ​သောင်း​နီး​ပါး​ရှိတယ်။ ​နောက်အခု​တော့​ ဒုက္ခသည်စခန်း​နဲ့​ဆို ​တော်​တော်များ​တယ်။ ၃ ဆ​လောက် ပိုများ​လာတယ်။ မူလတန်း​က​နေ အထက်တန်း​ထိ​ပေါ့​။” အစိုး​ရနဲ့​ ငြိမ်း​ချမ်း​ရေး​ ​ဆွေး​နွေး​ပွဲ အ​ခြေအ​နေ​ကော ဘယ်အဆင့်​ ​ရောက်သွား​ပြီလဲ။ “ကျ​နော်တို့​က လွန်ခဲ့​တဲ့​လက ဝန်ကြီး​ဦး​အောင်မင်း​နဲ့​ အလွတ်သ​ဘော ​တွေ့​ဆုံမှု​တွေ လုပ်ထား​တယ်။ အဲဒီ​တော့​ ​နောက်တခါ ​တွေ့​ဆုံ​ဆွေး​နွေး​မှုကို ညှိနှိုင်း​နေတုန်း​ပဲ။” ဗိုလ်ချုပ်တို့​ ​နောက်ဆုံး​တွေ့​တဲ့​အကြိမ်မှာ ဘာ​တွေကို အဓိကထား​ ​ဆွေး​နွေး​ကြပါသလဲ။ “ထိုင်း​-မြန်မာ နယ်စပ်မှာ​တွေ့​တာ​တော့​ အလွတ်သ​ဘော​တွေ့​တယ်။ ဝန်ကြီး​ ဦး​အောင်မင်း​နဲ့​ ​တွေ့​တယ်။ ဆက်ပြီး​ ​ဆွေး​နွေး​ပွဲ​တွေကို ဘယ်လိုပုံစံနဲ့​လုပ်ရင် အဆင်​ပြေနိုင်မလဲဆိုတာကို အကြမ်း​ဖျင်း​ ​ဆွေး​နွေး​ပြီး​တော့​ ​နောက်တကြိမ် ​ဆွေး​နွေး​ဖို့​ ပဏာမ သ​ဘောတူညီချက်​တွေ ကျ​နော်တို့​ လုပ်ခဲ့​တာပါ။” ​နောက်တခါ ​တွေ့​ဆုံ​ဆွေး​နွေး​မယ်ဆိုရင် ပြီး​ခဲ့​တဲ့​ အကြိမ်​တွေက ​ဆွေး​နွေး​တာထက်ကို ဘယ်လို​တွေများ​ ထူး​ခြား​မှု ရှိနိုင်မလဲ။ “​လော​လောဆယ်​တော့​ ​ဆွေး​နွေး​မှုပုံစံ​တွေ ကျ​နော်တို့​ မသိရ​သေး​ဘူး​။ ကျ​နော်တို့​က​နေ ​တောင်း​ဆိုထား​တာ​တော့​ အရင် ဦး​အောင်​သောင်း​တို့​နဲ့​ ​ဆွေး​နွေး​ထား​တဲ့​ လုပ်ငန်း​အ​ပေါ်မှာ ဘယ်လိုဆက်ပြီး​မှ ​ဖော်​ဆောင်မလဲ၊​ မဟုတ်ရင် အခု အသစ်ဖွဲ့​စည်း​ထား​တဲ့​ အဖွဲ့​အ​နေနဲ့​ ဘယ်လိုပုံစံမျိုး​နဲ့​ ​ဆွေး​နွေး​မလဲဆိုတာ ဒီတကြိမ် ပြန်​တွေ့​တဲ့​အခါကျမှ အစီအစဉ်​တွေချဖို့​ ဖြစ်ပါတယ်။” အစိုး​ရ ငြိမ်း​ချမ်း​ရေး​ ကိုယ်စား​လှယ် အ​ဟောင်း​နဲ့​ ကိုယ်စား​လှယ် အသစ်နဲ့​ ​ပြောင်း​လဲ​ဆွေး​နွေး​တဲ့​အ​ပေါ်မှာ ဗိုလ်ချုပ်တို့​ဘက်က ဘယ်လိုမျိုး​ တိုး​တက်မှု ရရှိမယ်လို့​ ​မျှော်လင့်​ပါသလဲ။ “ကျ​နော်တို့​က​တော့​ ဘယ်သူနဲ့​ပဲဖြစ်ဖြစ် တိုး​တက်မှုရရှိဖို့​ ​မျှော်လင့်​တယ်။ လူ​ပြောင်း​တယ်ဆိုတာထက် အဓိက​တော့​ မူဖြစ်တယ်။ အဲဒီ​တော့​ မူအရ ​သေချာ​ဆွေး​နွေး​ကြမယ်ဆိုရင် တာဝန်ရှိတဲ့​ ဘယ်သူပဲဖြစ်ဖြစ် ကျ​နော်တို့​က​တော့​ ​လေး​လေး​နက်နက် ကြိုဆိုပြီး​တော့​ ​ဆွေး​နွေး​ဖို့​ အဆင်သင့်​ရှိတယ်ဆိုတာ တင်ပြထား​ပြီး​ဖြစ်တယ်။ ကျ​နော်တို့​ ​ကေအိုင်အို အ​နေနဲ့​က​တော့​ ဘယ်လိုပုံစံ ​ဆွေး​နွေး​မလဲ၊​ နိုင်ငံ​ရေး​အရ ဘယ်လိုပုံစံ သွား​မလဲဆိုတာကို အကြမ်း​ဖျင်း​ ​ဆွေး​နွေး​ပြီး​တဲ့​နောက်မှ ဒီသ​ဘောတူညီချက်​တွေကို လုပ်မယ်လို့​ တင်ပြထား​တယ်။ အဲဒီအ​ပေါ်မှာ အချိန်ကြာ​နေတာဖြစ်ပါတယ်။” ဗိုလ်ချုပ်အ​နေနဲ့​ ဘာ​တွေများ​ ဖြည့်​စွက်​ပြောဖို့​ ရှိပါသလဲ။ “ကျ​နော်တို့​ ​ကေအိုင်အိုဘက်က​နေ ခုချိန်ထိ အစိုး​ရနဲ့​ ​ကေအိုင်အိုနဲ့​ ​တွေ့​ဆုံ​ဆွေး​နွေး​ အ​ဖြေရှာကြမယ်ဆိုတဲ့​ သ​ဘောထား​ရှိပါတယ်။ ဒီသ​ဘောထား​ကို ကျ​နော်တို့​ကလည်း​ အဓိက တိုက်ပွဲ​တွေပြင်း​ထန်လာမယ်။ ပြည်သူလူထု ကြား​ထဲမှာလည်း​ မ​ကျေနပ်ချက်​တွေ သိပ်များ​လာမယ်ဆိုရင် ကျ​နော်တို့​က ဒီသ​ဘောထား​အ​ပေါ်မှာ ပြန်သုံး​သပ်တဲ့​ အဆင့်​မျိုး​ကို ပြန်​ရောက်လာမှာ မလိုလား​ပါဘူး​။ ဒါ​ကြောင့်​မို့​ အလွတ်သ​ဘော​တွေ့​ဆုံမှု​တွေကို ဆက်လုပ်ပြီး​တော့​ ထပ်မံ​ဆွေး​နွေး​ဖို့​ ကြိုး​ပမ်း​နေပါတယ်။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024