ဂျပန်-မြန်မာ နှစ်နိုင်ငံ SME စီးပွားရေးလုပ်ငန်းရှင်များတွေ့ဆုံ
သူဇာလင်း
·
March 19, 2018
ဂျပန်နိုင်ငံ Japan - Myanmar Economy & Investment Center (JMEIC) နဲ့ UMFCCI အသင်းချုပ်တို့ ပူးပေါင်းပြီး "ဂျပန်-မြန်မာ ၂ နိုင်ငံ SME စီးပွားရေးလုပ်ငန်းရှင်တွေ တွေ့ပွဲကို မတ်လ ၁၉ ရက်က ရန်ကုန်မြို့ ကုန်သည်နှင့် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှာ ကျင်းပပါတယ်။
အဲဒီဆွေးနွေးပွဲမှာ ကုန်ထုတ်လုပ်မှုနဲ့ပတ်သက်တဲ့ နည်းပညာတွေ ပလတ်စတစ် ထုတ်ကုန်တွေရေပိုက်နဲ့ အခြားပိုက်အမျိုးမျိုး မော်တော်ယာဉ်အပိုပစ္စည်းတွေ စတဲ့ စက်ရုံသုံး ပစ္စည်းတွေ ဆောက်လုပ်ရေးနဲ့ အိမ်တွင်းအလှဆင်လုပ်ငန်းတွေကို အထောက်အပံ့ပေးတဲ့ နည်းပညာတွေကို နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းရှင်တွေက လုပ်ငန်းအလိုက် ဆွေးနွေးခဲ့ကြတာပါ။
မြန်မာနိုင်ငံအနေနဲ့ ရန်ကုန်တိုင်းဒေသကြီး SME လုပ်ငန်းအများဆုံး လုပ်ကိုင်နေပြီး အများဆုံး လုပ်ကိုင်နေတဲ့ SME လုပ်တွေကတော့ စားသောက်ကုန်လုပ်ငန်းနှင့် ဖျော်ရည် ထုတ်လုပ်တဲ့ လုပ်ငန်းတွေက အများဆုံးဖြစ်ပါတယ်။
၂၀၁၉ အတွင်းမှာ SME လုပ်ငန်းရှင်တွေအတွက် ချေးငွေ ၁၅၀ ဘီလီယံကို ဂျပန်နိုင်ငံက ထုတ်ချေးသွားမှာ ဖြစ်ပါတယ်။