Home
မြန်မာသတင်း
ဝမ်း​တွင်း​မြို့​နယ်တွင် ​မြေသိမ်း​မှု ဖြစ်ပွား
DVB
·
May 28, 2012
မန္တ​လေး​တိုင်း​ မိထ္ထီလာနယ် ဝမ်း​တွင်း​မြို့​နယ် ပဲခင်း​ကျော် ​ကျေး​ရွာအုပ်စုထဲက တမာကုန်း​ ​ကျေး​ရွာ​တွေမှာ သန်း​ဇော်​ရွှေကုမ္ပဏီက စိုက်ပျိုး​ရေး​လုပ်ငန်း​အတွက် လယ်သမား​တွေရဲ့​ လယ်​မြေဧက ၁၂ ဧက​ကျော်ကို သိမ်း​ယူလိုက်တယ်လို့​ လယ်သမား​ရေး​ ကူညီ​ဆောင်ရွက်​ပေး​နေသူ ဦး​လွင်​မောင်​မောင်က ​ပြောပါတယ်။ [caption id="attachment_25955" align="alignleft" width="300" caption="အသိမ်းခံရ​သော လယ်ယာ​မြေများ​"][/caption] “ပဲခင်း​တွေကို ဖျက်ဆီး​ပြီး​ လယ်​မြေ​တွေကို သိမ်း​မယ်လို့​ပြောတယ်ဗျ။ ၁၂.၅ ဧက​ပေါ့​ဗျာ။ အသိမ်း​ခံရတဲ့​လူ​တွေက ဦး​မြင့်​မောင်၊​ ဦး​သံ​ချောင်း​၊​ ​ဒေါ်မြင့်​တင်၊​ ဦး​ကျော်​မောင်၊​ ဦး​မြင့်​သိန်း​ရယ်။ လယ်သမား​တွေက မသိမ်း​ဖို့​ သန်း​ဇော်​ရွှေ ကုမ္ပဏီနဲ့​ ဝမ်း​တွင်း​မြို့​နယ် ​မြေစာရင်း​ဌာနကို သွား​ပြီး​ ​ပြောတယ်။ ​မြေစာရင်း​ဌာနက သန်း​ဇော်​ရွှေ ကုမ္ပဏီကို ဧက​ပေါင်း​ ၅၀၀ ​ကျော် လုပ်ပိုင်ခွင့်​ပေး​ထား​ပြီး​ကြောင်း​ အ​ကြောင်း​ကြား​တယ်ဗျ။” သန်း​ဇော်​ရွှေကုမ္ပဏီက သိမ်း​ထား​တဲ့​လယ်သမား​တွေရဲ့​ ​မြေ​တွေမှာ စပျစ်ပင်နဲ့​ ဇီး​ပင်​တွေ စိုက်ပျိုး​ထား​ပြီး​ လယ်ယာ​တွေ စိုက်ပျိုး​ခွင့်​မရတဲ့​ လယ်သမား​ မိသား​စု​တွေက​တော့​ စား​ဝတ်​နေ​ရေး​ အခက်အခဲ အကျပ်အတည်း​နဲ့​ ရင်ဆိုင်​နေကြရတယ်လို့​ လယ်သမား​ မိသား​စုဝင်တဦး​က ​ပြောပါတယ်။ “ကျ​နော့်​ဦး​လေဆိုရင် ရှိတဲ့​လယ်​တွေ အသိမ်း​ခံလိုက်ရလို့​ နွား​တွေ​တောင် ​ရောင်း​ပစ်လိုက်ရပါပြီဗျ။ လက်လုပ်လက်စား​ဘဝကို ​ရောက်​နေပါပြီ။ ကိုယ့်​လယ်ကို ပြန်မလုပ်ရ​သေး​တော့​ သူများ​ဆီမှာ စာရင်း​ငှား​လုပ်ပြီး​ ကျပန်း​အလုပ်နဲ့​ ​တော်​တော်ကို ဆင်း​ဆင်း​ရဲရဲ ဖြစ်​နေပါတယ်။ ကျ​နော်တို့​အ​နေနဲ့​ အသိမ်း​ခံရတဲ့​မြေ​တွေကို ပြန်ရချင်ပါတယ်။ ​လျော်​ကြေး​တွေလည်း​ မမက်ဘူး​။ ဒါ​လေး​နဲ့​ လုပ်ကိုင်စား​သောက်​နေရတာ ကိုယ့်​မိသား​စု ဝမ်း​စာ အဆင်​ပြေတယ်။ ဒါ​ကြောင့်​ ပြန်ရချင်တယ်။” ဒီလယ်​မြေ​တွေ ပြန်ရ​ရေး​အတွက် ​ဒေသတွင်း​က လယ်သမား​ ၁၀၀ ​ကျော်​လောက် လက်မှတ်​ရေး​ထိုး​ပြီး​ ဝမ်း​တွင်း​မြို့​နယ်ရဲ့​ ​မြေစာရင်း​ဦး​စီး​ဌာနနဲ့​ ​မြေသိမ်း​တဲ့​ ကုမ္ပဏီဆီ သွား​ရောက်ကန့်​ကွက်မှု​တွေ လုပ်ခဲ့​တယ်လို့​ သိရပါတယ်။ ဒါ​ပေမယ့်​ အာဏာပိုင်​တွေက ​ဖြေရှင်း​ပေး​ခြင်း​ မရှိ​သေး​ဘဲ အထက်ကို တင်ပြ​ပေး​မယ်လို့​သာ တုံ့​ပြန်ခဲ့​တယ်လို့​ လယ်သမား​တွေက ​ပြောပါတယ်။ လယ်သမား​တွေက​တော့​ သိမ်း​ခံရတဲ့​ လယ်ယာ​မြေ​တွေ ပြန်လည်ရရှိ​ရေး​ ဒါမှမဟုတ် ထိုက်တန်တဲ့​ နစ်နာ​ကြေး​ရ​ရေး​ ဆက်ပြီး​ ကြိုး​ပမ်း​သွား​မယ်လို့​ ​ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024