အကြိမ် ၅၀ မြောက် ဟတ်ထရစ် သွင်းယူခဲ့သည့် ရော်နယ်ဒို (ရုပ်သံဟိုက်လိုက်)

  ကစားသမားဘဝသက်တမ်းတလျှောက် အကြိမ် ၅၀ မြောက် ဟက်ထရစ်ဂိုးကို ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး စီရော်နယ်ဒိုက သွင်းယူနိုင်ခဲ့ပြီး မှတ်တမ်းဝင်ခဲ့ပါတယ်။ မနေ့ညက ကစားသွားတဲ့ လာလီဂါပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်အသင်းက စီရော်နယ်ဒိုရဲ့ ဟက်ထရစ် ဂိုးတွေနဲ့အတူ ဂျီရိုနာအသင်းကို အနိုင် ၆ ဂိုး ၃ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ဒီပွဲမှာ စီရော်နယ်ဒိုက ပွဲအစ ၁၁ မိနစ်မှာပဲ ဦးဆောင် ဂိုးစတင်သွင်းခဲ့ပြီး ၄၇၊ ၆၄ နဲ့ ၉၀ မိနစ်တွေမှာ သုံးဂိုးသွင်းပြီး တဦးတည်း ၄ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ရီးရဲလ်အသင်းအတွက် နောက်ထပ်ဂိုးတွေကိုတော့ လူးကပ်ဗက်စ်ကွက်နဲ့ ဂါရတ်ဘေးလ်တို့က သွင်းယူခဲ့တာပါ။ ရီးရဲလ်အသင်းအနေနဲ့ တိုက်စစ်က ၆ ဂိုးရပေမယ့် ခံစစ်က ၃ ဂိုးအထိ ပေးခဲ့ရလို့ ဝေဖန်စရာလည်း ဖြစ်ခဲ့ပါတယ်။ စီရော်နယ်ဒိုအနေနဲ့ ရာသီအစပိုင်းမှာ သွင်းဂိုးနည်းခဲ့ပေမယ့် ၂၀၁၈ ခုနှစ်အတွင်းမှာတော့ ၂၁ ဂိုးအထိ သွင်းထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up