ပိုက်ဆံခိုးသည့် ကလေး ၂ ဦးကို သစ်ပင်မှာချည်ပြီး အပြစ်ပေးမှု ဝေဖန်မှုမြင့်တက်

  ထိုင်းနိုင်ငံမှာ ပိုက်ဆံခိုးတဲ့ ကလေးငယ် ၂ ဦးကို သစ်ပင်မှာ ကြိုးနဲ့တုပ်နှောင်ပြီး အပြစ်ပေးနေတဲ့ ဓာတ်ပုံတွေဟာ အင်တာနက်စာမျက်နှာပေါ် ပျံ့နှံ့ခဲ့ပြီးနောက်မှာ ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။ ဒီအဖြစ်အပျက်ဟာ ချွန်ဘူရီခရိုင်၊ ၀ပ်သွန်းဟီအန် အမည်ရတဲ့ ဗုဒ္ဓဘာသာဘုန်းကြီး ကျောင်းတကျောင်းထဲမှာ ဖြစ်ခဲ့တာလို့ ထိုင်းဘာသာနဲ့ ထုတ်ဝေတဲ့ ထိုင်းရတ်သတင်းတပုဒ်မှာ မတ်လ ၁၈ ရက်နေ့က ဖော်ပြပါတယ်။ အဆိုပါ ကလေး ၂ ဦးဟာ အရွယ်မရောက်သေးတဲ့ ကလေးတွေ ဖြစ်ကြပြီး ထိုင်း ဘတ်ငွေ ၂၀၀ ခိုးယူခဲ့တဲ့အတွက် ခုလို ဒဏ်ပေးခံခဲ့ရတာလို့ ဆိုပါတယ်။ ဒါပေမယ့် ထိုင်းလူမှုကွန်ရက်မီဒီယာတွေပေါ်မှာတော့ ခုလိုငွေပမာဏနဲ့ လူကြား သူကြား ဒီပုံစံနဲ့ အပြစ်ပေးတာဟာ သင့်တော်ရဲ့လားဆိုပြီး ဝေဖန်မှုတွေ မြင့်တက်နေတာပါ။ ဒီပုံတွေကို ထိုင်းနိုင်ငံရဲ့ နာမည်ကြီး ဖေ့စ်ဘွတ်ခ်ပေ့ခ်ျတခုဖြစ်တဲ့ မမ်ဖိုဒမ်(Mem Pho Dam) မှာ ဖော်ပြထားခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ကလေးတွေကို ဒီအမှားကနေ သင်ယူနိုင်ဖို့ သင်ခန်းစာပေးရမယ့်အစား ဒီလိုပြစ်ဒဏ်ပေးတာကို ဝေဖန်မှတ်ချက်တွေ အမျိုးမျိုးပေးနေတာကိုလည်း တွေ့ရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up