ဆီးရီးယားသမ္မတ အရှေ့ဂူတာဒေသရှိ စစ်စခန်းသို့ သွားရောက်ကြည့်ရှု

ဆီးရီးယားသမ္မတ ဘာရှာအယ်အာဆတ်ဟာ မတ်လ ၁၈ ရက်နေ့က အရှေ့ဂူတာဒေသရှိ စစ်စခန်းတွေကို သွားရောက်ကြည့်ရှုခဲ့ပါတယ်။ အဲဒီနောက် သမ္မတ အာဆက်ဟာ ဆီးရီးယားအစိုးရတပ်ဖွဲ့ဝင်တွေကို နှုတ်ဆက်ပြီး ဆီးရီးယားအစိုးရ တပ်ဖွဲ့ဝင်တွေဟာ အကြမ်းဖက်သမားတွေကို တိုက်ထုတ်တဲ့ ကမ္ဘာလုံးဆိုင်ရာ စစ်ပွဲကို ဆင်နွှဲနေတာလို့ ပြောကြားခဲ့ပါတယ်။ သမ္မတ အာဆက်က “အကြမ်းဖက်သမားကို ပစ်တဲ့ ကျည်ဆန်တိုင်းဟာ ဟန်ချက်ကို ပြောင်းလဲပေးနေတာပါ။ ရှေ့ကို တင့်ကား ၁ မီတာ တိုးသွားတိုင်း ကမ္ဘာကြီးရဲ့ နိုင်ငံရေးမြေပုံကို ပြောင်းလဲပေးနေတာပါ” လို့ ပြောခဲ့ပါတယ်။ ထိုးစစ် ၁ လအကြာမှာတော့  ဆီးရီးယားအစိုးရတပ်ဖွဲ့ဝင်တွေဟာ မြို့တော် ဒမတ်စကပ်အနီးရှိ နောက်ဆုံးသူပုန်စခန်းဖြစ်တဲ့ အရှေ့ဂူတာဒေသ နေရာအတော်များများကို သိမ်းပိုက်ခဲ့ပါတယ်။ ဆီးရီးယားအစိုးရ စစ်တပ်ဟာ အရှေ့ဂူတာက  အတိုက်အခံတွေ ထိန်းချုပ်ရာ ဟာရက်စတာစခန်းရှိ သူပုန်တွေကို မတ် ၁၈ ရက်နေ့ နောက်ဆုံးထားပြီး ဆုတ်ခွာဖို့ အချိန်ပေးထားကြောင်း နိုင်ငံပိုင် သတင်းဌာနကို ကိုးကားပြီး ရိုက်တာသတင်းအရ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up