အစားအသောက်များ ဓာတုဘေးအန္တရာယ် ကင်းရှင်းရေး အသိပညာပေး
DVB
·
March 17, 2018
အစားအသောက်တွေ ဓာတုဘေးအန္တရာယ် ကင်းရှင်းရေးနဲ့ပတ်သက်ပြီး ကန်တော်ကြီးပန်းခြံထဲမှာ မတ် ၁၇ ရက်နေ့ညနေက ပြည်သူလူထုကို ကျန်းမာရေးအသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါတယ်။
ဒီပွဲကို တက်ရောက်လာတဲ့ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲမှုဦးစီးဌာနရဲ့ အစားအသောက်ဌာန ဒုတိယညွှန်ကြားရေးမှူးက ပြည်သူတွေကြားမှာ ဓာတုဆေးဝါးအန္တရာယ်ကို သိရှိလာတာနဲ့အမျှ အစားအသောက်တွေထဲမှာ ဘေးအန္တရယ်ရှိတဲ့ ဆိုးဆေးအသုံးပြုတာတွေဟာ လျော့ကျလာသလို စားသုံးသူတွေဘက်ကလည်း ရှောင်ကျဉ်စားသုံးလာကြတယ်လို့ပြောပါတယ်။
ဒီနှစ်ထဲမှာလည်း ဘေးအန္တရာယ်ရှိတဲ့ အစားအသောက် ထုတ်လုပ်ရောင်းချသူတွေကို ထိထိရောက်ရောက် အရေးယူသွားဖို့ ရှိတာကြောင့် ဈေးကွက်ထဲ ရှောင်တခင်ဝင်ရောက် ထောက်လှမ်းစစ်ဆေးတာတွေ ပုံမှန်လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။