အမျိုးသားသတင်းဆု ၇ မျိုး မေလ ၃ ရက်နေ့ ချီးမြှင့်မည်

လာမယ့် မေလ ၃ ရက်နေ့ ကျင်းပပြုလုပ်မယ့် ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ အခမ်းအနားမှာ အမျိုးသားသတင်းဆု ၇ မျိုးကို မြန်မာနိုင်ငံ သတင်းစာဆရာအသင်းက ချီးမြှင့်သွားမှာဖြစ်ပါတယ်။ ဆုအမျိုးအစားတွေကတော့ သတင်းသူရဲကောင်းဆု၊ အကောင်းဆုံး သတင်းဆု၊ အကောင်းဆုံး သတင်းဆောင်းပါးဆု၊ အကောင်းဆုံး အယ်ဒီတာ့အာဘော်ဆု၊ အကောင်းဆုံး သတင်းဓာတ်ပုံဆု၊ အကောင်းဆုံး သတင်းကာတွန်းဆုနဲ့ အကောင်းဆုံး ရုပ်သံသတင်းဆုတွေ ဖြစ်ပါတယ်။ ဆုရွေးချယ်နိုင်ရေးအတွက် သတင်းစာ၊ ဂျာနယ်၊ သတင်းဌာနတွေကဖြစ်ဖြစ်၊ သတင်းထောက်ကိုယ်တိုင်ကလည်း ပေးပို့နိုင်သလို စာဖတ်သူပရိသတ်တွေကလည်း ပေးပို့နိုင်ပါတယ်။ စာမူတွေအနေနဲ့ကတော့ ၂၀၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့ကနေ ဒီဇင်ဘာ ၃၁ ရက်နေ့ အတွင်း ဖော်ပြထုတ်လွှင့်ခဲ့ စာမူ၊ ကာတွန်းတွေ ဖြစ်ရမှာဖြစ်ပါတယ်။ ပုံနှိပ်ဖော်ပြချက်ထားတဲ့ စာမူတွေကို မိတ္တူတင်ပြရမှာဖြစ်ပြီး ရုပ်သံသတင်းတွေ အနေနဲ့ကတော့ အွန်လိုင်း၊ ဝက်ဘ်ဆိုက် Link တွေကို မတ်လ ၃၀ ရက်နေ့ နောက်ဆုံးထား ပေးပို့ရမှာဖြစ်ပါတယ်။ ပေးပို့ရမယ့်လိပ်စာတွေကတော့ ရန်ကုန်မှာရှိတဲ့ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း MJA ရုံးကို ပေးပို့ရမှာဖြစ်သလို [email protected] ကိုလည်း အီးမေးလ်ကနေ တဆင့် ပေးပို့နိုင်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up