ရုရှားစီးပွားရေးလုပ်ငန်းရှင်ကြီး၏မိတ်ဆွေ သေဆုံးမှု လူသတ်မှုအဖြစ် ဗြိတိန်ရဲ စုံစမ်း

ရုရှားစီးပွားရေးလုပ်ငန်းရှင်ကြီး ဘောရစ် ဘေရေဇော့စကီးရဲ့ မိတ်ဆွေ နီကိုလိုင် ဂုရှ်ကို့ဗ် သေဆုံးမှုကို လူသတ်မှုအဖြစ် စုံစမ်းစစ်ဆေးနေတဲ့အကြောင်း ဗြိတိန်ရဲတပ်ဖွဲ့က မတ် ၁၆ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။ “လည်ပင်းအစ်ပြီး သေဆုံးမှုဖြစ်တယ်။ ဒါပေမယ့် အခုဖြစ်ရပ်ဟာ မတ် ၄ ရက်နေ့က ရုရှားစပိုင်ဟောင်းကို အဆိပ်နဲ့သတ်ဖို့ ကြိုးစားခဲ့တဲ့ဖြစ်ရပ်နဲ့ ဆက်နွှယ်မှုမရှိဘူး” လို့ လန်ဒန် ရဲဌာနက ပြောပါတယ်။ အကြမ်းဖက်မှု တိုက်ဖျက်ရေး ကျွမ်းကျင်သူ အရာရှိတွေဟာ ဂုရှ်ကို့ဗ် သေဆုံးမှုကို ဘေရေဇော့စကီရဲ့ တခြားမိတ်ဆွေတွေအတွက် သတိပေးချက်အဖြစ် မှတ်ယူပြီး ဆက်လက် စုံစမ်း စစ်ဆေးနေတယ်လို့ လန်ဒန်ရဲတွေက ပြောပါတယ်။ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဘောရစ် ဂျွန်ဆင်ကတော့ ရုရှား သမ္မတ ဗလာဒီမာ ပူတင် ကိုယ်တိုင်က စစ်တပ်အဆင့် အာရုံကြောအဆိပ်ကို သုံးပြီး ဆာဂီ စခရစ်ပါလ်ကိုသတ်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်နိုင်တယ်လို့ မတ် ၁၆ ရက်နေ့က ပြောပါတယ်။ ရုရှားအစိုးရကတော့ ပတ်သက်မှုကို ငြင်းပြီး ဗြိတိန်ဟာ ရုရှား အကြောက်လွန်ရောဂါကို ခံစားနေရတယ်လို့ တန်ပြန်စွပ်စွဲပါတယ်။ ရုရှားစုံစမ်းစစ်ဆေးရေးကော်မတီက လူသတ်မှု နှစ်ခုလုံးကို ရာဇ၀တ်မှု စုံစမ်းစစ်ဆေးရေး အဖြစ်နဲ့ အမှုဖွင့်ထားပြီးပြီလို့ ပြောပါတယ်။ ဖြစ်ရပ်နှစ်ခုလုံးအတွက် ဗြိတိန်အစိုးရ အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိတဲ့ အကြောင်းလည်း ပြောကြားထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up