Home
မြန်မာသတင်း
ရေကြည်နှင့်ငသိုင်းချောင်းမြို့ဝင် ဘီးခွန်ဂိတ်များ မတ်လအကုန် ပိတ်သိမ်းမည်
DVB
·
March 17, 2018
ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ်အတွင်းမှာ ကောက်ခံနေတဲ့ မြို့အဝင်ဘီးခွန်တွေထဲက မြို့ပြင်ထွက်ကောက်ခံနေတဲ့ ရေကြည်မြို့ဝင်ဘီးခွန်ဂိတ်နဲ့ ငသိုင်းချောင်းမြို့ဝင် ဘီးခွန်ဂိတ်တွေကို မတ်လကုန် ပိတ်သိမ်းသွားတော့မှာ ဖြစ်ပါတယ်။ အဲ့ဒီဂိတ်တွေ ပိတ်သိမ်းဖို့ကိုတော့ မတ် ၁၅ ရက်နေ့က ကျင်းပတဲ့ ဧရာဝတီတိုင်းဒေသကြီးအစိုးရ အဖွဲ့ ကက်ဘိနက် အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ဒီလိုပိတ်သိမ်းတာကြောင့် ဧပြီလကစပြီး ရေကြည်မြို့နယ်ထဲမှာ အသုတ်မြို့အဝင်ဘီးခွန်တခုသာ ပေးဆောင်ရတော့မယ်လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ကနေ သိရပါတယ်။ “အဲ့ဒီဂိတ်တွေက ရတဲ့အခွန်ငွေက ရေကြည်မြို့နယ်မှာ ခန့်ထားတဲ့ စည်ပင်ဝန်ထမ်းတွေရဲ့လစာနဲ့ အငြိမ်းစားဝန်ထမ်းတွေရဲ့ပင်စင်တွေကို တစ်နှစ်လုံးပေးနိုင်လောက်တဲ့ အနေအထားဖြစ်နေတော့ ဒါမရတော့ဘူးဆိုရင် ဘယ်ကပြန်ရနိုင်မလဲဆိုတဲ့ အခက်အခဲ ရှိနေပါတယ်” လို့ ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်ကပြော ပြောပါတယ်။ အခက်အခဲတွေ ရှိနေတာကြောင့် ဂိတ်တွေပိတ်သိမ်းတာ ဥပဒေနဲ့ညီမညီ ကောက်ခံခွင့်ရှိမရှိကိုတော့ ပြည်ထောင်စုအစိုးရကို ပြန်တင်ပြထားကြောင်း ပထမ ၆ လအတွင်း ပြည်ထောင်စုအစိုးရက ဆက်ကောက်ရန်အကြောင်းပြန်ပါက ဇူလိုင်လကစတင်ပြီး ပြန်ကောက်မှာဖြစ်ပြီး ကောက်လို့မရကြောင်း အကြောင်းပြန်ပါက အမြဲတမ်းပိတ်သိမ်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ရေကြည်မြို့နယ်စည်ပင်သာယာရေးအဖွဲ့သို့ ငါးသိုင်းချောင်းမြို့အဝင် ဘီးခွန်ကောက်ခံတဲ့ ဂိတ်ကနေ တစ်နှစ်ကို အခွန်ငွေ ကျပ်သိန်း ၃၀၀ ကျော်ပေးဆောင်နေပါတယ်။ ရေကြည်မြို့အဝင်ဘီးခွန် ကောက်ခံတဲ့ဂိတ်ကတော့ တစ်နှစ်ကိုအခွန်ငွေ ကျပ်သိန်း ၄၀၀ ကျော်ပေးဆောင်နေတဲ့အတွက် ပိတ်သိမ်းရမယ့် ဂိတ်နှစ်ဂိတ်ရဲ့ အခွန်ငွေတွေဟာ ရေကြည်မြို့နယ်တခုလုံးမှာ စည်ပင်သာယာရေးအဖွဲ့ ကောက်ခံရရှိတဲ့ အခွန်ငွေအားလုံးရဲ့ ၃၀ ရာခိုင်နှုန်းကျော် ရှိနေတယ်လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ကနေ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024