ရမ်ဆေးကို ခေါ်ယူရန် ချဲလ်ဆီးအသင်း ပစ်မှတ်ထားနေ

ချဲလ်​ဆီးအသင်းဟာ အာဆင်​နယ်​အသင်းရဲ့ ​ခြေစွမ်းပြကစားသမားတစ်​ဦးဖြစ်​တဲ့ အာရွန်​ရမ်​​ဆေးကို ​ခေါ်ယူဖို့ ပစ်​မှတ်​ထားနေ​တယ်​လို့ သိရပါတယ်​။ ရမ်​​ဆေးနဲ့ အာဆင်​နယ်​အသင်းတို့ဟာ စာချုပ်​သက်​တမ်းကုန်​ဆုံးဖို့ ၁ ​နှစ်​သာကျန်​ရှိတဲ့အချိန်​မှာ နည်းပြကွန်​တီအ​နေနဲ့ ​ပြောင်း​ရွှေ့​ကြေး အသင့်​အတင့်​နဲ့​ခေါ်ယူဖို့ ကြိုးပမ်းလာဖွယ်​ရှိ​နေပါတယ်​။ ကွန်​တီဟာ ပြီးခဲ့တဲ့လပိုင်းကလည်း အာဆင်​နယ်​တိုက်​စစ်​မှူး ဂျီရူးကို ​ခေါ်ယူခဲ့သလို အခုအခါမှာလည်း ကွင်းလယ်​ပိုင်း လိုအပ်​ချက်​အတွက်​ ရမ်​​ဆေးကို ​ခေါ်ယူဖို့ စိတ်​ဝင်​စားလာတာပဲဖြစ်​ပါတယ်​။ အာဆင်​နယ်​အသင်းက​တော့ အသင်းအတွက်​ ရမ်​​ဆေးကို ဆက်​လက်​ထိန်းသိမ်းလို​နေပြီး စာချုပ်​သက်​တမ်းထပ်​မံတိုး​ဖို့လည်း ပြင်​ဆင်​​နေခဲ့တာပါ။ ကွန်​တီအ​နေနဲ့ ပြီးခဲ့တဲ့ရာသီက ပရီးမီးယား လိဂ်​ဖလားရရှိခဲ့​ပေမယ့် အခုနှစ်​မှာ ​ခြေစွမ်းမတည်​ငြိမ်​တာ​ကြောင့် လာမယ့်ရာသီ ချန်​ပီယံလိဂ်​ဝင်​ခွင့်​ရရှိ​ရေးအတွက်​ ကစားသမား​တွေ ထပ်​မံဖြည့်တင်းဖို့ လို​နေပါတယ်​။ ရမ်​​ဆေးဟာ ​အေစီမီလန်​အသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အိမ်​ကွင်းမှာ အနိုင်​ရရှိခဲ့တဲ့ ပွဲစဉ်​မှာလည်း ​ခြေစွမ်းပြနိုင်​ခဲ့ပါတယ်​။ ချယ်​ဆီးအသင်းအ​နေနဲ့ ရမ်​​ဆေးကို​ ခေါ်ယူလိုပါက လက်​ရှိရ​နေတဲ့ တစ်​ပတ်​လုပ်​ခ ​ပေါင်​ ၁၁၀၀၀ ထက် ပို​ပေးဖို့ လိုအပ်​​နေပါတယ်​။ ရမ်​​ဆေးနဲ့အတူ ၂၀၁၉ ခုနှစ်​မှာ စာချုပ်​သက်​တမ်းကုန်​ဆုံးမယ့် သူ​တွေက​တော့ ပီတာချက်​၊ ​အော့စပီနာ၊ ဝဲလ်​ဘတ်​နဲ့ နာချိုမွန်​ရီရယ်​တို့ ဖြစ်​ပါတယ်​။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up