Home
မြန်မာသတင်း
ကျပ်သိန်း ၁ သောင်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းမိ
DVB
·
March 17, 2018
ကွတ်ခိုင်မြို့နယ်၊ ကောင်းခါးကျေးရွာအနီးမှာ ငွေကျပ်သိန်းပေါင်း ၁ဝဝဝဝ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေနဲ့ မူးယစ်ဆေးဝါး ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့ပါတယ်။ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေတဲ့ ပူးပေါင်းအဖွဲ့ဟာ မတ် ၁၅ ရက် မနက်ပိုင်းက  ကောင်းခါးကျေးရွာရဲ့ တောင်ဘက် ဟန်ရှန်ရွာပျက် အနီးမှာ သိမ်းဆည်းရမိခဲ့တာပါ။ မူးယစ်ဆေးဝါး ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ မိုးကာတဲ ခြောက်လုံး၊ မီးစက် နှစ်လုံး၊ Gas အိုးအကြီးအလုံး ၃ဝ၊ Gas အိုးအသေးတပ်လျက် ဖန်ပေါင်းချောင်အသေး လေးလုံးတွဲ ၁ဝ၅ စုံ (စုစုပေါင်း ၄၂ဝ လုံး)၊ Deep Freezar ၁ဝ လုံး၊ ဆေးပြားရိုက်စက် ၁ လုံး၊ စတီးဂက်စ်အိုး ၁ဝ လုံး၊ ဆေးပြားမွှေစက် သုံးခု၊ ဖန်ပေါင်းချောင် အကြီး ရှ၈ ခု၊ ဂါလန် ၅ဝ ၀င် သံပီပါ အလုံး ၁၅ဝ လုံး၊ ၅ ဂါလန်ဝင် အက်စစ်ပုံး ၃၁၃ ပုံး၊ ဂါလန် ၅ဝ ၀င် အက်စစ်ပုံး ၃၈ဝ ပုံး၊၂၅ ကီလိုဂရမ်ပါ ကော့စတစ်ဆိုဒါ ၆၅၂ အိတ်၊ ၁၅ ကီလိုဂရမ်ပါ ဆူဒိုအက်ဖီ ဒရင်းဆေးပြား ၃ အိတ်၊ ၈ဝဝ ဂရမ်ပါ ကဖင်း ၅ ထုပ်၊ အက်ဖီဒရင်း အမှုန့် ၁၃ ဒသမ ၉ ကီလိုဂရမ်၊ ၈၈။၁ စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၉၁၂ဝဝ ပြား၊ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၇၈ဝဝဝ ပြား၊ (စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ်သိန်းပေါင်း ၁ဝဝဝဝ ကျော်) အား ပိုင်ရှင်မဲ့ တွေ့ရှိ သိမ်းဆည်းရမိခဲ့ပါတယ်။ သိမ်းဆည်းရမိတဲ့ မူးယစ်ဆေးဝါးများနဲ့ ဆက်စပ် ပစ္စည်းတွေကို ကွတ်ခိုင်မြို့ရှိ မူးယစ်တပ်ဖွဲ့ကို လွှဲပြောင်းပေးအပ်သွားမယ်လို့ ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024