ပြင်သစ်တွင် သမ္မတ၏ ပြုပြင်ပြောင်းလဲရေးကို အငြိမ်းစားဝန်ထမ်းများ ဆန္ဒပြ

857
ပြင်သစ်နိုင်ငံတလွှား အငြိမ်းစားဝန်ထမ်းတွေနဲ့ အငြိမ်းစား ဂေဟာဝန်ထမ်းတွေ မတ်လ ၁၅ ရက်နေ့က သမ္မတ အီမန်နျူယယ် မက်ခွန်းရဲ့ ပြုပြင်ပြောင်းလဲရေးတွေကို ဆန့်ကျင်ဆန္ဒပြနေကြပါတယ်။
အငြိမ်းစားလစာအပေါ် အခွန်ပိုကောက်တာကို ဆန့်ကျင်ပြီး ထောင်နဲ့ချီတဲ့ အငြိမ်းစားဝန်ထမ်းတွေ ဇန်နဝါရီလတည်းက လမ်းပေါ်ထွက် ဆန္ဒပြခဲ့တာပါ။
ပုဂ္ဂလိက ကဏ္ဍက ဝန်ထမ်းတွေအတွက် လူမှုဖူလုံရေး ဖြတ်တောက်ငွေ ပိုလျှော့ချဖို့ အခွန်တိုးကောက်တာ ဖြစ်ပါတယ်။
ပြင်သစ်နိုင်ငံမှာ ပျမ်းမျှ အငြိမ်းစားလစာဟာ အမေရိကန်ဒေါ်လာ ၁၆၀၀ ဖြစ်ပါတယ်။
အငြိမ်းစားတွေကတော့ သူတို့ဟာ လူကုံထံမျိုးဆက်မဟုတ်ဘူး၊ ဝေစုထက်ပိုပြီး တာဝန်ထမ်းဆောင်ပြီးပြီလို့ ပြောပါတယ်။
သမ္မတ မက်ခွန်းကတော့ ချမ်းသာကြွယ်ဝမှုနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ရောင်းချလို့ ရငွေအပေါ် ကောက်တဲ့အခွန်တွေကို ပြတ်ပြတ်သားသား လျှော့ချပြီး ပြင်သစ်အလုပ်သမားဥပဒေတွေကို အလုံးစုံ ပြုပြင်ပြောင်းလဲရာမှာ အတိုက်အခံတွေကို ကျော်လွှားခဲ့ပြီးပါပြီလို့ ဒေသခံမီဒီယာက ဆိုပါတယ်။
လူငယ်အလုပ်သမားတွေကို ကူညီဖို့ အားထုတ်ရေး ဆော်သြရင်း သူ့ရဲ့ ပြုပြင်ပြောင်းလဲရေးတွေအတွက် တာဝန်ယူတယ်လို့ မက်ခွန်းက ပြင်သစ်အလယ်ပိုင်း ခရီးစဉ်အတွင်း မတ်လ ၁၄ ရက်နေ့က ပြောခဲ့ပါတယ်။