Home
မြန်မာသတင်း
ဦးဝင်းထိန် အန်အယ်လ်ဒီပါတီမှ နုတ်ထွက်ခွင့်တင်
DVB
·
March 16, 2018
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အန်အယ်လ်ဒီပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်တဦးဖြစ်တဲ့ ဦးဝင်းထိန် ပါတီကနေ နုတ်ထွက်စာတင်ထားတယ်လို့ ဗဟိုပြန်ကြားရေးကော်မတီ ဥက္ကဋ္ဌ ဦးဉာဏ်ဝင်းက ပြောပါတယ်။ သြစတြေးလျနိုင်ငံမှာ ရောက်ရှိနေတဲ့ ဦးဝင်းထိန်က ပြီးခဲ့တဲ့ သုံးပတ်လောက်က ပါတီကနေ နုတ်ထွက်ဖို့ စာတင်လာတာဖြစ်တယ်လို့လည်း ဦးဉာဏ်ဝင်းက ပြောပါတယ်။ “စာတင်ထားတာသိတယ်။ ဗဟိုအလုပ်မှုဆောင်ကို တင်ထားတာ။ အဖြေမရသေးပါဘူး။ ” အန်အလ်ဒီပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင်တဦးဖြစ်တဲ့ အသက် ၇၇ နှစ်အရွယ်  ဦးဝင်းထိန်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလက သားဖြစ်သူ မင်္ဂလာဆောင်အပြီးမှာ သြစတြေးလျနိုင်ငံကို ထွက်ခွာသွားတာ ဖြစ်ပါတယ်။ တပ်မတော် ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်ဟာ ၁၉၈၈ အန်အယ်လ်ဒီပါတီ စတင် တည်ထောင်ကတည်းက ပါဝင်ခဲ့သူဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားအဖြစ်လည်း အကျဉ်းထောင်ထဲမှာ ဘဝဖတ်သန်းခဲ့ပါတယ်။ ၁၉၈၉ မှ ၁၉၉၅ ခုနှစ်ထိ ထောင်တကြိမ်ကျခဲ့ပြီး ၁၉၉၆ မှာ ထပ်မံဖမ်းဆီးခံရကာ ၂၀၀၈ ခုနှစ်က ပြန်လွတ်လာပေမယ့် ၂၄ နာရီ မပြည့်ခင် ထပ်မံဖမ်းဆီးခံခဲ့ရလို့ ၂၀၁၀ မှာ ပြန်လည် လွတ်မြောက်ခဲ့သူပါ။ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲမှာ မိတ္ထီလာမြို့နယ်ကနေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရပြီး ၂၀၁၅ ရွေးကောက်ပွဲမှာတော့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း မရှိပါဘူး။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024