Home
မြန်မာသတင်း
ရန်ကုန်-ဒလ တံတား ဇွန်လတွင် စတင်တည်ဆောက်မည်ဟု ဝန်ကြီးချုပ် ပြော
DVB
·
March 16, 2018
လာမယ့်ဇွန်လက စတင်ပြီး ရန်ကုန်-ဒလ တံတားကြီးကို စတင်တည်ဆောက်ဖို့ ပြင်ဆင်နေပြီလို့ တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။ မတ်လ ၁၅ ရက်က ဒလမြို့နယ်အတွင်း သောက်သုံးရေများ ဖြန့်ဝေပေးနိုင်ရေး ရေသန့်စက်ရုံ ဖွင့်ပွဲအခမ်းအနားမှာ ပြောခဲ့တာ ဖြစ်ပါတယ်။ “လမ်းပန်းဆက်သွယ်ရေးများကောင်းမွန်ရန် လာမည့်ဇွန်လက စတင်ကာ ဒလတံတားကြီးကို စတင်တည်ဆောက်ရန် ပြင်ဆင်နေပြီ ဖြစ်တယ်။ ဒလမြို့ဟာ ရန်ကုန်မြို့နဲ့ နီးကပ်နေသော်လည်း ခေတ်အဆက်ဆက်၊ အစိုးရအဆက်ဆက် ဖွံ့ဖြိုးမှုနောက်ကျခဲ့တဲ့ အခြေအနေများကို ပြုပြင်ပြောင်းလဲနိုင်ရန် ကြိုးစားနေတယ်။” မြန်မာ-တောင်ကိုရီးယား ချစ်ကြည်ရေး အထိမ်းအမှတ် ဒလတံတား တည်ဆောက်ရေး စီမံကိန်းကို ဧပြီလမှာ စတင်မယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက ရည်မှန်းထားတာ ဖြစ်ပါတယ်။ ဒလတံတား စီမံကိန်း တည်ဆောက်ရေးအတွက် မြေယာ လျော်ကြေးငွေတွေကို ၂ဝ၁၆ ခုနှစ် နှစ်ဆန်းပိုင်းမှာ စတင်ပေးအပ်ခဲ့ပြီး တံတားနေရာနဲ့ မလွတ်ကင်းတဲ့ နေအိမ်နဲ့ ဈေးဆိုင်ခန်းများကို နစ်နာကြေးငွေ စုစုပေါင်း ငွေကျပ် ၁၄၆၈ ဒသမ ၂၈၈ သန်း ပေးအပ်ခဲ့ပါတယ်။ တံတားကို တောင်ကိုရီးယားနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးရေးရန်ပုံငွေ (EDCFI Loan) ချေးငွေ အမေရိကန် ဒေါ်လာ ၁၃၇ ဒသမ ၈၃၃ သန်း၊ ပြည်တွင်း ရန်ပုံငွေ ၃ဝ ဒသမ ၃၄၁ သန်း အကုန်အကျခံ တည်ဆောက်မှာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024