Live
Home
မြန်မာသတင်း
ဒုတိယကမ္ဘာစစ်အတွင်း ပျက်ကျခဲ့သည့်လေယာဉ်ကို နွားထိုးကြီးမြို့၌ အမေရိကန်ရှာဖွေ
DVB
·
March 16, 2018
ဒုတိယကမ္ဘာစစ်အတွင်း ပျက်ကျခဲ့တဲ့ ‎လေယာဉ်အပိုင်းအစနဲ့ သေဆုံးစစ်သားတွေရဲ့ အရိုးစုတွေကို  မန္တလေးတိုင်းဒေသကြီး နွားထိုးကြီးမြို့နယ်၊ ‎ဇီကျေးရွာ ကျီးပင်ကန်မှာ အမေရိကန် အရိုးစုရှာဖွေရေးသုတေသနဌာနက မတ် ၁၅ ရက်နေ့မှာ လာရောက်ရှာဖွေခဲ့ကြပါတယ်။ ဇီကျေးရွာက အသက် ၈၃ နှစ်အရွယ် ဦးမြမောင်ကို စကားပြန်ကတဆင့် စစ်အတွင်းက အကြောင်းတွေ မေးမြန်းပြီးမှ ‎ကျီးပင်ကန်ဘက်ကို သွားပြီးရှာကြတာလို့ ဒေသခံက ပြောပါတယ်။ ဒေသခံ ကိုဘိုဘိုက "အမေရိကန် ၁၀ ယောက်နဲ့ စကားပြန် ၁ ယောက် လေတပ်က ဗိုလ်ကြီးတို့ လာတယ်၊ ‎သူတို့မှာပါလာတဲ့ စက်ကိရိယာတွေနဲ့ ရှာနေတာ တွေ့တယ်၊ ဓာတ်ပုံရိုက်တာတော့ ရတယ်၊ သွားမေးတော့ ဘာမှမပြောပြဘူး။ စက်နဲ့ရှာပြီး ပြန်ထွက်သွားတယ်"လို့ ပြောပါတယ်။ အမေရိကန်နိုင်ငံသား Mr.Trent Tyan Breland ဦးဆောင်တဲ့ ၁၀ ဦးပါအဖွဲ့ဟာ ပြင်ဦးလွင်မြို့နယ်၊ ပိန္နဲကုန်းကျေးရွာကို သွားရောက်ပြီး စစ်အတွင်း ပျက်ကျခဲ့တဲ့ လေယာဉ်ကို ရှာဖွေခဲ့ပါသေးတယ်။ သူတို့အဖွဲ့ဟာ မတ် ၁၀ ရက်နေ့နဲ့ ၁၁ ရက်နေ့တွေမှာ နွားလဘို့တောင်အနီး သွားရောက်ရှာဖွေခဲ့ရာ လေယာဉ်ပျက်အပိုင်းအစလို့ ယူဆရတဲ့ သံပြားအချို့ တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024