ကိုရီးယားကျွန်းဆွယ်အရေး တိုးတက်မှုအပေါ် မြန်မာ ထောက်ခံကြိုဆို
DVB
·
March 15, 2018
ကိုရီးယားကျွန်းဆွယ်မှာ လက်ရှိဖြစ်ပေါ်တိုးတက်နေမှုတွေအပေါ် မြန်မာနိုင်ငံအနေနဲ့ ထောက်ခံကြိုဆိုကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီကနေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။
ဒီသတင်းထုတ်ပြန်ချက်ထဲမှာတော့ ကိုရီးယား ၂ နိုင်ငံကြား ကာလရှည်ကြာ ငြိမ်းချမ်းရေး၊ တည်ငြိမ်အေးချမ်းရေးနဲ့ ကိုရီးယားကျွန်းဆွယ် နျူကလီးယား ကင်းစင်စေရေး ကိစ္စရပ်တွေအပေါ် မြန်မာနိုင်ငံအနေနဲ့ ငြိမ်းချမ်းရေးအမြင်နဲ့ ထောက်ခံကြိုဆိုလိုက်ကြောင်း ဖော်ပြထားတာပါ။
မြန်မာအစိုးရအနေနဲ့ လာမယ့် ဧပြီလမှာ ကျင်းပမယ့် ကိုရီးယား-မြန်မာ ၂ နိုင်ငံ ကြား ထိပ်သီးညီလာခံကိုလည်း ကြိုဆိုကြောင်းနဲ့ ကိုရီးယားကျွန်းဆွယ်အရေး တင်းမာမှုတွေ လျှော့ချစေနိုင်ဖို့ အရေးကိစ္စတွေမှာ ပါဝင်ကြတဲ့ ကြိုးစားအားထုတ်မှုတွေအပေါ် ဂုဏ်ယူချီးကျူးတယ်လို့လည်း ဖော်ပြထားတာ ဖြစ်ပါတယ်။