Home
မြန်မာသတင်း
ယာခင်းအတွင်း စာသင်ကျောင်းဆောက်လုပ်သဖြင့် ယာခင်းပိုင်ရှင်တရားစွဲ
DVB
·
March 15, 2018
  ဆောမြို့နယ်မှာ ယာခင်းအတွင်း ကျူးကျော်ပြီး စာသင်ကျောင်းဆောက်လုပ်တဲ့အတွက် လက်ထောက်ပညာရေးမှူးတဦး အပါအဝင် ကျောင်းကော်မတီဝင် ၁၁ ဦးကို ယာခင်းပိုင်ရှင်က တရားစွဲဆိုခဲ့ပါတယ်။ မကွေးတိုင်းဒေသကြီး ဆောမြို့နယ် ရင်းခေါ်ရွာမှာ ယာခင်းအတွင်း ကျူးကျော်ပြီး စာသင်ကျောင်းဆောက်လုပ်တဲ့အတွက် လက်ထောက်ပညာရေးမှူးတဦးအပါအဝင် ကျောင်း ကော်မတီဝင် ၁၁ ဦးကို တရားစွဲဆိုထားပြီး နစ်နာသူဘက်မှ MJA မကွေးရုံးခန်းမှာ မတ်လ၁၄ ရက်နေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ ယာခင်းပိုင်ရှင် ဒေါ်ကြင်ရဲ့သားဖြစ်သူ ကိုဇော်လင်းက "ကျနော်တို့ နှစ်ပေါင်း ၅၀ လောက် လုပ်ကိုင်လာတာ ပုံစံ(၇) ရှိပြီးသား ယာမြေပေါ်မှာ ပညာရေးမှူးနဲ့ကျောင်းကော်မတီက ကျနော်တို့ ခွင့်ပြုချက်မရရှိဘဲ စာသင်ကျောင်းဆောက်တဲ့အတွက် မြို့နယ်မှာရှိတဲ့ အဖွဲ့စည်းတွေကို တင်ပြခဲ့ပြီး နိုင်တော်သမ္မတရုံးကို စာတင်ခဲ့တဲ့အတွက် သမ္မတရုံးက အဖွဲ့အစည်းတွေလည်း ဆင်းစစ်ပါပြီ။ တိုင်းသိပြည်သိဖြစ်အောင် သတင်းစာရှင်းလင်းပွဲပြုလုပ်ရတာဖြစ်တယ်"လို့ ပြောပါတယ်။ ဆောမြို့နယ် ရင်းခေါ်ရွာက မနှင်းရီက "ကျမတို့က ဆန္ဒကိုပြချင်တာ။ ပြလည်းပြဖို့ စီစဉ်ထားတယ်။ ကျမတို့ အပိုင်းလည်းဖြစ်ရဲ့သားနဲ့ ဘယ်လိုဘဲတားတား ဆောမြို့နယ်မှာရှိတဲ့ လူကြီးတွေကလည်း ဖြေရှင်း မပေးဘူးလို့"ဆိုပါတယ်။ မကွေးတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေးက "​မြေစာရင်းဌာန တင်​ပြချက်​​တွေနဲ့ ​ကျောင်း​ဆောက်​လုပ်​​နေတာဖြစ်​တယ်​။ ကာယကံရှင်​​တွေ အ​နေနဲ့တိကျတဲ့ အ​ထောက်​ထား သက်​​သေ​တွေနဲ့ ပြန်​လည်​တင်​ပြရင်​​​တော့ စိစစ်​​ဆောင်​ရွက်​တာတွေပြုလုပ်​​ပေးဖို့ ရှိပါတယ်​"လို့ပြောပါတယ်။ သတင်း-မင်းထီး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024