Home
မြန်မာသတင်း
ရွှေစင်သတ္တုများ​ပေး​ဆောင်ရန်ပျက်ကွက်သည့်​ ​ရွှေတူး​ဖော်​ရေး​ကုမ္ပဏီ ၃၀၀ ​ကျော်ကို သတ္ထုတွင်း​ဝန်ကြီး​ဌာန ​ကြေညာ
DVB
·
May 24, 2012
ရွှေစင်သတ္တုများ​ပေး​ဆောင်ဖို့​ ပျက်ကွက်တဲ့​ ​ရွှေတူး​ဖော်​ရေး​ကုမ္ပဏီ ၃၀၀ ​ကျော်ကို သတ္ထုတွင်း​ဝန်ကြီး​ဌာနက ထုတ်ပြန်လိုက်ပြီး​ ​ပေး​ဆောင်ဖို့​ ပျက်ကွက်တဲ့​ ကုမ္ပဏီ​တွေကို အမည်ပျက်စာရင်း​ သွင်း​မယ်လို့​ ထုတ်ပြန်​ကြေညာလိုက်ပါတယ်။ သတ္ထုတွင်း​ဝန်ကြီး​ဌာန အမှတ် ၂ သတ္ထုတွင်း​လုပ်ငန်း​က​နေ ​ရွှေသတ္တု အ​သေး​စား​ တူး​ဖော်​ရေး​ ကုမ္ပဏီ ၃၀၀ ​ကျော်ကို ၂၀၀၇ က​နေ ၂၀၁၂ ခုနှစ်အထိ ၅ နှစ်အတွက် ​ပေး​ဆောင်ရမယ့်​ ​ရွှေစင်သတ္တု​တွေကို ဒီလကုန် ​နောက်ဆုံး​ထား​ ​ပေး​သွင်း​ဖို့​ ​ကြေညာချက် ထုတ်ပြန်လိုက်တာပါ။ ဒီက​နေ့​ထုတ် အစိုး​ရပိုင်သတင်း​စာ​တွေမှာ ကုမ္ပဏီ​တွေရဲ့​ အမည်၊​ တာဝန်ရှိသူ​တွေရဲ့​ အမည်နာမ​တွေနဲ့​တကွ ထုတ်ပြန်​ကြေညာခဲ့​တာလည်း​ ဖြစ်ပါတယ်။ ဒါနဲ့​ပတ်သက်ပြီး​ သတ္ထုတွင်း​ဝန်ကြီး​ဌာန ညွှန်ကြား​ရေး​မှူး​ချုပ်နှင့်​ ​ပြော​ရေး​ဆိုခွင့်​ အဖွဲ့​ခေါင်း​ဆောင် ဦး​ဝင်း​ထိန်က အခုလို ​ပြောကြား​ထား​ပါတယ်။ “အ​သေး​စား​ဆိုရင်​တော့​ ဧက ၂၀ ကို တလကို ၂ ကျပ်သား​နှုန်း​နဲ့​ တနှစ်ကို ၂၄ ကျပ်သား​ သွင်း​ရတယ်။ အကြီး​စား​တွေက​တော့​ သူတို့​ အဆိုပြုထား​တဲ့​အတိုင်း​ပဲ သူတို့​ဧက​တွေ​ပေါ် မူတည်ပြီး​ သူတို့​ ထွက်နှုန်း​ပေါ်မူတည်ပြီး​ ၅ နှစ်မှာ ၅ တန်၊​ ၃ တန်၊​ ၂ တန် သူတို့​အချိုး​အစား​တွေအလိုက် သွင်း​တာရှိပါတယ်။ အကြီး​စား​က ၇ ခု ရှိပါတယ်။ အကြီး​စား​တွေက​တော့​ မှန်ပါတယ်။ အ​သေး​စား​တွေပဲ ထိန်း​ချုပ်ရ နည်း​နည်း​ခက်တယ်။ အ​ကြွေး​တွေက​တော့​ အရင်နှစ်​တွေကတုန်း​က လုပ်ထား​ပြီး​ မဆပ်နိုင်တဲ့​ ကုမ္ပဏီ​တွေကို ​ကြေညာချက်ထုတ်တာဖြစ်ပါတယ်။ အမှတ် ၂ သတ္ထုတွင်း​လုပ်ငန်း​နဲ့​ ဆက်သွယ်ပြီး​ရင် ​ပေး​သွင်း​ဖို့​ ဖြစ်ပါတယ်။ သူတို့​ ​ပေး​သွင်း​တာ​တွေက​တော့​ အား​လုံး​ပေါင်း​ ပိဿာ ၃၀၀ ​လောက်ပဲဖြစ်မှာပါ။ သူတို့​ တကယ်လုပ်​နေတဲ့​ လုပ်ငန်း​တွေက​တော့​ တနှစ်ကို တန်ချိန် ၄၊​ ၅ တန်​လောက်ပဲ ဝင်တာဆို​တော့​ သူတို့​ဟာ​တွေက သိပ်​တော့​မဖြစ်​လောက်ဘူး​။ သို့​သော်လည်း​ပဲ ကုမ္ပဏီ​တွေနဲ့​ အကုန်လုံး​ စာရင်း​ဇယား​ရှင်း​ရှင်း​လင်း​လင်း​ ဖြစ်သွား​တာ​ပေါ့​။” ဒီကုမ္ပဏီ​တွေက စုစု​ပေါင်း​ ​ပေး​ဆောင်ရမယ့်​ ​ရွှေစင်ပိဿာ ၃၀၀ ဝန်း​ကျင်အတွက် တန်ဖိုး​ကျပ်သိန်း​ပေါင်း​ တသိန်း​ခွဲနီး​ပါး​ တိုင်း​ပြည်အခွန်အ​နေနဲ့​ ပြန်လည်ရရှိလာမှာလည်း​ ဖြစ်ပါတယ်။ ကုမ္ပဏီ​တွေအ​နေနဲ့​ ​ပေး​သွင်း​ရမယ့်​ ​ရွှေစင်သတ္တု​တွေကို ဒီ​မေလ ၃၀ ရက်​နေ့​နောက်ဆုံး​ထား​ပြီး​ ပြည်နယ်နဲ့​ တိုင်း​ဒေသကြီး​အသီး​သီး​က သတ္ထုတွင်း​ဝန်ကြီး​ဌာန အမှတ် ၂ သတ္တုတွင်း​လုပ်ငန်း​တွေကို ​ပေး​သွင်း​ကြရမှာပါ။ ​ပေး​သွင်း​ဖို့​ ပျက်ကွက်ခဲ့​မယ်ဆိုရင်​တော့​ တည်ဆဲဥပ​ဒေနဲ့​ လုပ်ငန်း​စာချုပ်ပါ စည်း​ကမ်း​ချက်​တွေအရ ကုမ္ပဏီနဲ့​ လူပုဂ္ဂိုလ်​တွေ အမည်ပျက်စာရင်း​ကြေညာ အ​ရေး​ယူသွား​မယ်လို့​လည်း​ ​ကြေညာထား​ပါတယ်။ ဒါနဲ့​ပတ်သက်ပြီး​တော့​လည်း​ ဦး​ဝင်း​ထိန်က “​တော်​တော်များ​များ​ ​ရွှေလုပ်တဲ့​ သူ​တွေက​တော့​ တခြား​လုပ်ငန်း​တွေ၊​ ​ဆောက်လုပ်​ရေး​ လုပ်ငန်း​လုပ်တဲ့​သူ​တွေ၊​ စက်မှုလက်မှုလုပ်ငန်း​တွေ အများ​ကြီး​ လုပ်တာရှိပါတယ်။ ဒါကို မ​ပေး​သွင်း​ဘူး​ဆိုရင် လူပုဂ္ဂိုလ်ကို​ရော ကုမ္ပဏီကို​ရော နာမည်ပျက် စာရင်း​သွင်း​လိုက်ခြင်း​အား​ဖြင့်​ တခြား​လုပ်ငန်း​တွေ လုပ်လို့​မရဘဲ ဖြစ်သွား​လိမ့်​မယ်။ ဒါ​ကြောင့်​ ကိုယ်တို့​က သတိ​ပေး​ကြေညာချက်ဆိုပြီး​ ​ကြေညာထား​တာပါ။ သူတို့​သွင်း​ရမယ့်​ ပမာဏ​လေး​တွေကလည်း​ နည်း​ပါတယ်။ နည်း​တဲ့​အတွက် ဒါ​လေး​တွေ သွင်း​လိုက်ရင် ​နောက်လုပ်ငန်း​တွေ ဆက်လုပ်လို့​ရ​အောင် အသိ​ပေး​ထား​ခြင်း​ ဖြစ်ပါတယ်။” ကုမ္ပဏီ​တွေအ​နေနဲ့​ ၅ နှစ်နီး​ပါး​ကြာ ​ရွှေစင်သတ္တု​တွေကို အပြည့်​အဝမ​ပေး​ဆောင်တာ၊​ ​ပေး​ဆောင်ဖို့​ လုံး​ဝပျက်ကွက်​နေတာ​တွေကို ပြည်​ထောင်စုစာရင်း​စစ်ချုပ်ရုံး​က စစ်​ဆေး​တွေ့​ရှိခဲ့​တာပါ။ ဒါ​ကြောင့်​ ပြည်နယ်နဲ့​တိုင်း​ဒေသကြီး​အဆင့်​ သတ္တုတွင်း​ဝန်ကြီး​ဌာန အ​ထွေ​ထွေ မန်​နေဂျာရုံး​တွေက ကုမ္ပဏီ​တွေကို အကြိမ်ကြိမ် နှိုး​ဆော် အ​ကြောင်း​ကြား​ခဲ့​ပေမယ့်​လည်း​ ​ပေး​သွင်း​တာမျိုး​ မရှိတာ​ကြောင့်​ ဝန်ကြီး​ဌာနအ​နေနဲ့​ အခုလို ​ကြေညာခဲ့​တာလည်း​ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024